7 သို့ရာတွင် သီးစားသမားရို့က ဥယျာဉ်သျှင်၏ သားကိုမြင်သောအခါ ‘ဤသူကား ဥယျာဉ်သျှင်၏ အမွီခံမည့်သူ ဖြစ်၏။ လာကတ်၊ သူ့ကို သတ်ကြကုန်အံ့။ ယင်းမှရာ ဤဥယျာဉ်သည် ငါရို့အပိုင်ဖြစ်မည်’ ဟု အချင်းချင်းပြောဆို၍၊
ဟေရုဒ်သည် နက္ခတ်ပညာဟိရို့က မိမိအား လှည့်ဖျားလားခသည်ကို သိသောအခါ အလွန်ဒေါသဖြစ်လေ၏။ သို့ဖြစ်၍ သူသည် နက္ခတ်ပညာဟိရို့ပါးမှာ မိန်းမြန်းလေ့လာထားသော အချိန်ကာလအရ ဗက်လင်မြို့နှင့် အနီးတဝိုက်၌ ဟိကြသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက် ယောက်ျားသူငယ်တိအားလုံးကို သတ်ရန် အမိန့်ထုတ်လေ၏။
စပျစ်သီးခူးချိန် ရောက်သောအခါ သူသည် သူ့၏ခြံငှားခရမည့် သီးနှံဝီစုကို တောင်းရန် သူ၏ကျွန်တိကို ခြံငှားတိပါးသို့ ရွှတ်လိုက်၏။
ယုဒခေါင်းဆောင်ရို့သည် မိမိရို့အား ရည်ရွယ်၍ ထိုပုံဥပမာကို မိန့်တော်မူကြောင်း သိသဖြင့် ယေသျှုအား ဖမ်းဆီးခြင်းငှာ ကြိုးစားကြ၏။ သို့ရာတွင် လူအစုအဝေးကို ကြောက်ကြသဖြင့် အထံတော်မှ ထွက်လားလေ၏။
ထို့ကြောင့် ဥယျာဉ်သျှင်က ‘ငါ၌ တစ်ဦးတည်းသာ ဟိသော၊ ငါ၏ချစ်သောသားကို စီလွှတ်လိုက်လျှင် ထိုသူရို့သည် ငါ့သားကို အားနာကြမည်’ ဟု ဆို၍ မိမိသားကို စီလွှတ်လိုက်၏။
ထိုစပျစ်ဥယျာဉ်သျှင်၏သားကို ဖမ်းကာ သတ်ပြီးလျှင် ဥယျာဉ်အပြင်သို့ ထုတ်ပစ်ကြ၏။
ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။
ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။