31 ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်သည် ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက် သာ၍ ကြီးမြတ်သော ပညတ်မဟိ” ဟု ဖြေကြားတော်မူ၏။
ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။
“သင်ရို့သည် မိမိကိုယ်ကို ပြုစုလိုသည့်အတိုင်း သူတစ်ပါးကို ပြုစုကတ်ပါ။ ဤတရားသည် မောသျှေ၏ပညတ်တရားနှင့် ပရောဖက်ရို့၏ သွန်သင်ချက်များ၌ အဓိကအချက် ဖြစ်၏။
ကျမ်းတတ်ဆရာကလည်း “ဆရာ၊ ဆရာ ဖြေကြားတော်မူချက်ကား သင့်မြတ်လှပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားမဟိပါ။
ထိုသူက “‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ” ဟု လျှောက်၏။
အကြောင်းမူကား “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။
ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။