11 ကိုယ်တော်က “လူတစ်ယောက်သည် မိမိမယားကို ကွာ၍ အခြားမိန်းမနှင့် အိမ်ထောင်ပြုလျှင်၊ ယင်းသူသည် မိမိမယားကို ပြစ်မှားယာ။
သင်ရို့ကို ငါ ဆိုသည်ကား၊ မည်သူမဆို ကာမဖောက်ပြန်ခြင်းကလွဲ၍ မိမိမယားကို ကွာပြီး တခြားမိန်းမနှင့် ပေါင်းသင်းသောသူသည် သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။”
တပည့်တော်ရို့သည် အိမ်၌ ဟိကြသောအခါ၊ အထက်က အကြောင်းအရာများကို ယေသျှုအား တဖန် မိန်းလျှောက်ကြ၏။
“အကြင်သူသည် မိမိမယားနှင့် ကွာ၍ အခြားသောမိန်းမနှင့် လက်ထပ်လျှင် ကာမဖောက်ပြားသောသူ ဖြစ်၏။ ကွာယှင်းထားသော မိန်းမနှင့် လက်ထပ်သောသူကလည်း ကာမဖောက်ပြားသောသူ ဖြစ်၏။
ထို့ကြောင့် မိမိလင် အသက်ရှင်နိန်စဉ်ကာလတွင် တခြားယောက်ျားနှင့် နီထိုင်ပေါင်းသင်းလျှင် ထိုမိန်းမကို ဖောက်ပြန်သောမိန်းမ ဟု ခေါ်ထိုက်၏။ လင်သီဆုံးလားလျှင်မူကား၊ ထိုပညတ်မှ လွတ်မြောက်လားပြီဖြစ်၍ တခြားသော ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်သော်လည်း ဖောက်ပြန်သော မိန်းမ မဟုတ်။
မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။
ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။