22 ထိုအသျှင်၏ ဆုံးမဩဝါဒကို ကြားရသောသူရို့သည် အံ့ဩခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား ကျမ်းတတ်ဆရာတိကဲ့သို့ မဟုတ်ဘဲ အခွင့်အာဏာဟိသောသူကဲ့သို့ ဆုံးမဩဝါဒကို ပီးတော်မူသောကြောင့်ဖြစ်၏။
သူ၏ဇာတိမြို့သို့ ပြန်ကြွတော်မူ၏။ တရားဇရပ်၌ ဆုံးမဩဝါဒများကို သွန်သင်တော်မူ၍ ကြားနာသောသူများသည် အလွန်အံ့သြကြ၏။ “ဤသူကား ဤသို့သောပညာကို ဇာနီရာက ရလာစွာလဲ။ သူသည် ဤနိမိတ်လက္ခဏာတိကို ဇာကြောင့် လုပ်နိုင်စွာလဲ။
ထိုအချိန်၌ တရားဇရပ်တွင် ဝိညာဉ်ဆိုးပူးသော လူတစ်ယောက်ဟိ၏။ ထိုသူသည် အော်ဟစ်ကြောက်လန့်၍၊
သူ၏စကားကို ကြားသောသူတိုင်းကလည်း သူ၏ဉာဏ်စွမ်းနန့် ဖြေကြားချက်ကို အံ့သြကြ၏။
အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။
ကိုယ်တော်၏ ဟောပြောချက်များသည် အခွင့်အာဏာ ပါဟိသောကြောင့် သူရို့သည် အံ့သြကြ၏။
အစောင့်စစ်သည်များက “ထိုသူ ဟောပြောသည့်နည်းတူ ဇာသူမျှ မဟောဖူးပါ” ဟု ပြောကြ၏။
သို့ရာတွင် သတေဖန်သည် ဝိညာဉ်တော်ကပီးသည့် အသိပညာနှင့် ဟောပြောသဖြင့် ထိုသူရို့ မချေပနိုင်ကြပေ။
ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။