Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မာကု 1:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ထို့နောက် ကောင်းကင်မှလည်း “သင်ကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားဖြစ်၏” ဟု အသံထွက်ပေါ်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မာကု 1:11
19 ပူးပေါင်းရင်းမြစ်များ  

“ဤသူကား ငါ ရွီးချယ်ထားသော ငါ၏ကျွန် ဖြစ်၏။ ဤသူသည် ငါ့ကို ရွှင်လန်းစီ၍ ငါချစ်ရသောသူ ဖြစ်၏။ ငါ၏ဝိညာဉ်ကို သူ၌ တည်စီမည်။ သူသည် လူအမျိုးမျိုးတိအား ငါ၏တရားစီရင်ခြင်းအကြောင်းကို ဟောပြောလိမ့်မည်။


ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။


ထို့နောက် “ဤသူကား ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော ကောင်းကင်မှ အသံတော် ထွက်လာလေ၏။


ယေသျှုသည် ရီထဲမှ ပေါ်ထလာစဉ်တွင် ကောင်းကင်ဖွင့်၍ သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ မိမိအထက်၌ ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။


ထိုအခါ မိုးတိမ်တိုက်သည် ပေါ်လာပြီး သူရို့အား အုပ်မိုး၍ “ဤသူကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်ပေ၏ — သူ၏စကားကို နားထောင်ကြလော့” ဟု မိုးတိမ်တိုက်မှ အသံတော် ထွက်ပေါ်လာ၏။


သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်အသွင်ဖြင့် ကိုယ်ထင်ရှား၍ ကိုယ်တော်၏အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှအသံတော်ကား “သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်သည်” ဟု ထွက်ပေါ်လာ၏။


မိုးတိမ်ထဲမှ အသံတော်ကား “ဤသူသည် ငါရွီးချယ်ထားသော ငါ့၏သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟု ထွက်ပေါ်လာ၏။


ထိုသို့ မိန့်တော်မှုသည်အတိုင်း ငါတွိ့မြင်ရသည်ဖြစ်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ငါသည် သက်သီခံ၏” ဟု ဆို၏။


ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။


ထို့ကြောင့် ငါ့ကို စီရွှတ်သောခမည်းတော်ကိုယ်တိုင် ငါ၏အကြောင်းကို သက်သီခံတော်မူ၏။ သင်ရို့သည် ခမည်းတော်၏ အသံတော်ကို ဇာခါမျှ မကြားဖူး၊ မျက်နှာတော်ကိုလည်း မမြင်ဖူး။


ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသောသူ ဖြစ်ကြောင်းကို အကျွန်ရို့သည် ယုံကြည်သောကြောင့် သိကြပါ၏” ဟု လျှောက်လေ၏။


သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူခြင်းဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဖွင့်ပြတော်မူ၏။


ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ