10 ယေသျှုသည် ရီထဲမှ ပေါ်ထလာစဉ်တွင် ကောင်းကင်ဖွင့်၍ သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ မိမိအထက်၌ ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
ယေသျှုသည် ဗတ္တိဇံကို ခံယူပြီး၊ ရီထဲမှ ထလာစဉ်တွင် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအထက်၌ ဂြိုးငှက်ကဲ့သို့ ဆင်းသက်လာသည်ကို ကိုယ်တော်သည် မြင်လေ၏။
ထို့နောက် ကောင်းကင်မှလည်း “သင်ကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားဖြစ်၏” ဟု အသံထွက်ပေါ်လာ၏။
ထိုအခါ ယေသျှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာပြီးလျှင် ယော်ဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံကို ခံတော်မူ၏။
သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်အသွင်ဖြင့် ကိုယ်ထင်ရှား၍ ကိုယ်တော်၏အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှအသံတော်ကား “သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်သည်” ဟု ထွက်ပေါ်လာ၏။