7 “တောင်းကတ်ပါ၊ တောင်းလျှင် ရလိမ့်မည်။ ရှာကတ်ပါ၊ ရှာလျှင် တွိ့လိမ့်မည်။ ခေါက်ကတ်ပါ၊ သင်ရို့အဖို့ တန်းခါး ပွင့်လာလိမ့်မည်။
“တဖန်၊ သင်ရို့ကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ စိတ်သဘော တစ်ညီတစ်ညွတ်တည်း နှစ်ယောက်အတူ ဆုတောင်းလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖက သင်ရို့ တောင်းသည့်အရာကို ပီးလိမ့်မည်။
သင်ရို့သည် ယုံကြည်ခြင်း ဟိကြလျှင် သင်ရို့ တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှီးဦးစွာ ရှာကတ်ပါ။ နောက်မှ ဤအရာအားလုံးကို သင်ရို့အား ထပ်၍ ပီးတော်မူလိမ့်မည်။
သင်ရို့သည် အဆိုးဖြစ်လျက်ပင် သားသမီးတိ တောင်းကြသည့်အခါ ကောင်းသောအရာတိကိုသာ ပီးတတ်ကြ၏။ ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံသျှင် သင်ရို့အဖက တောင်းသောသူတိအား သာ၍ ကောင်းသောအရာများကို ပီးလိမ့်မည် မဟုတ်ပါလား။
တောင်းသောသူတိုင်း ရလိမ့်မည်။ ရှာသောသူတိုင်း တွိ့လိမ့်မည်။ ခေါက်သောသူတိုင်းလည်း တန်းခါးကို ဖွင့်ပီးလိမ့်မည်။
ထို့ကြောင့် ငါ ဆိုသည်ကား သင်ရို့သည် မိမိတောင်းလျှောက်သော အရာကို မုချရယာဟု ယုံကြည်ကြလျှင် တောင်းသမျှကို ရကြလိမ့်မည်။
အိမ်သျှင်သည်ထ၍ တန်းခါးကို ပိတ်လိုက်ခါမှ၊ သင်ရို့သည် အိမ်အပြင်မှရပ်၍ တန်းခါးကိုခေါက်လျက် ‘ဆရာ၊ အကျွန်ရို့ကို တန်းခါး ဖွင့်ပီးတော်မူပါ’ ဟု တောင်းလျှောက်သော်လည်း၊ အိမ်သျှင်က၊ ‘သင်ရို့တိ ဇာကလာလဲ ဆိုစွာကို ငါမသိ’ ဟု ဆိုလိမ့်မည်။
ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပဌာနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
သင်ရို့သည် ငါ၌ တည်၍ ငါ၏စကားသည် သင်ရို့၌ တည်လျှင် သင်ရို့သည် လိုချင်သမျှကို တောင်း၍ ရကြလိမ့်မည်။
ယေသျှုကလည်း “ဘုရားသခင်ပီးသော အရာတိကို လည်းကောင်း၊ သင့်ပါးမှ ရီသောက်ဖို့ တောင်းသောသူကို လည်းကောင်း သိလျှင် သင်သည် ထိုသူပါးက တောင်းလိမ့်မည်၊ ထိုသူလည်း သင့်ကို အသက်ရီကို ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။
ပညာဟိသောသူဟူ၍ မဟိ၊ ဘုရားသခင်ကို ရှာသောသူမဟိ။
ယုံကြည်ခြင်းမဟိလျှင် ဘုရားသခင် နှစ်သက်ခြင်းကို မရနိုင်။ အကြောင်းမူကား ဘုရားသခင်ထံပါးသို့ လာသောသူသည် ဘုရားသခင်ဟိတော်မူသည်ကို လည်းကောင်း၊ ဘုရားသခင်သည် မိမိကို စိတ်အားကြီးစွာ ရှာသောသူတိအား အကျိုး ပီးတော်မူသည်ကို လည်းကောင်း ယုံကြည်ရသောကြောင့်ဖြစ်၏။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။
ငါရို့သည် ကိုယ်တော်ထံ၌ တောင်းလျှောက်သမျှကို ရကြ၏။ အကြောင်းမူကား ငါရို့သည် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းသောသူတိ၊ ကိုယ်တော်နှစ်သက်တော်မူသော အရာများကို ပြုကြသောသူတိ ဖြစ်သောကြောင့် ဖြစ်၏။