34 နက်ဖြန်ခါအတွက် မစိုးရိမ်ကတ်ကေ့။ နက်ဖြန်နိ့က နက်ဖြန်နိ့အတွက် စိုးရိမ်လိမ့်မယ်။ ဤနိ့၌ဟိသော မကောင်းသောမှုအရာများသည် ဤနိ့အဖို့ လုံလောက်ပေ၏။
အကျွန်ရို့လိုအပ်သောအစာကို အကျွန်ရို့အား ဤနိ့ ပီးသနားတော်မူပါ။
“ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား အသက်ရှင်ရန် သင်ရို့လိုအပ်သော အစားအသောက်အတွက် သော် လည်းကောင်း၊ သင်ရို့ခန္ဓာအတွက် လိုအပ်သော အဝတ်အတွက် သော်လည်းကောင်း မစိုးရိမ်ကတ်ကေ့။ အစာထက် အသက်က သာ၍ မြတ်ပြီး၊ အဝတ်ထက် ကိုယ်က သာ၍ မြတ်သည် မဟုတ်လော။
စိုးရိမ်ပူပန်ခြင်းအားဖြင့် ဇာသူက မိမိ၏အသက်ကို တစိကေလောက် ရှည်စီနိုင်သနည်း။
သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသောအမှုကိစ္စကြောင့် စိတ်ပူပန်သောက ရောက်နိန်၏။
အကျွန်ရို့ လိုအပ်သော အစားအစာကို နိ့တိုင်း ပီးသနားတော်မူပါ။
“လူတိက သင်ရို့ကို တရားဇရပ်တိထဲသို့ လည်းကောင်း၊ အုပ်ချုပ်သူနှင့် အစိုးရအာဏာပိုင်တိရှိ့၌ လည်းကောင်း ခေါ်လားကြသောအခါ ဇာပိုင် ချေပရမည်၊ ဇာပိုင် ပြောဆိုရမည်ကို မစိုးရိမ်ကတ်ကေ့။
ထို့နောက် ယေသျှုကလည်း တပည့်တော်ရို့အား၊ “ယင်းအတွက်ကြောင့် ငါဆိုသည်ကား၊ သင်ရို့သည် အသက်ရှင်ဖို့အတွက် ဇာပိုင် စားရဖို့လဲ ဆိုပြီးကေ မစိုးရိမ်ကတ်ကေ့။ ကိုယ်ခန္ဓာအတွက် ဇာပိုင် ဝတ်ရမည် ဆိုသည်ကိုလည်း မစိုးရိမ်ကတ်ကေ့။
“ငြိမ်သက်ခြင်းကို သင်ရို့နှင့်အတူ ငါထားခ၏။ ငါ၏ငြိမ်သက်ခြင်းကိုလည်း သင်ရို့ကို ငါပီး၏။ လောကသားတိ ပီးသကဲ့သို့ ငါပီးသည်မဟုတ်။ သင်ရို့ စိတ်မပူပန်ခြင်း၊ စိုးရိမ်ခြင်း မဟိကတ်ကေ့။
သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။
ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
သင်ရို့ကို ဂရုစိုက်တော်မူသောကြောင့် သင်ရို့၏ စိုးရိမ်ပူပန်ခြင်း ဟိသမျှတိကို ကိုယ်တော်၌ အပ်နှံကြလော့။