9 ရန်အပေါင်းကို ငြိမ်းချမ်းစီသောသူရို့သည် မင်္ဂလာဟိ၏၊ ထိုသူရို့သည် ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံရလိမ့်မည်။
သို့မှသာ ကောင်းကင်ဘုံ၌ဟိသော သင်ရို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကောင်းသောသူ၊ မကောင်းသောသူတိ အထက်မှာ နီရောင်ခြည်ကို ထွန်းလင်းပီးတော်မူ၏။ သုစရိုက် ပြုသောသူနှင့် ဒုစရိုက် ပြုသောသူတိ အထက်မှာလည်း မိုးကို ရွာသွန်းပီးတော်မူ၏။
သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။
ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။
ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။
နောက်တစ်နိ့၌ ဣသရေလလူနှစ်ယောက် ရန်ဖြစ်နိန်သည်ကိုမြင်၍ ငြိမ်းချမ်းစီလိုသဖြင့် မောသျှေက၊ ‘နားထောင်ကတ်ပါ။ သင်ရို့သည် ညီအစ်ကိုချင်းဖြစ်လျက်ပင် ဇာဖြစ်လို့ ရန်ဖြစ်နိန်ကြသနည်း’ ဟု သူရို့အား ဖြန်ဖြေရန် ကြိုးစားလေ၏။
သင်ရို့သည် တတ်နိုင်သမျှ လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ကြလော့။
ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။
ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။
ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
သို့ရာတွင် သင်ရို့သည် မယုံကြည်သူ တရားသူကြီးတိ ရှိ့၌ ညီအစ်ကို အချင်းချင်း တရား စီရင်ကြပါသည်တကား။
ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။
သို့ဖြစ်၍ ငါရို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၍ ဘုရားသခင်သည် ငါရို့အားဖြင့် သင်ရို့ကို တိုက်တွန်းတော်မူ၏။ သင်ရို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့ဟု ခရစ်တော်၏ကိုယ်စား ငါရို့သည် တောင်းပန်၏။
သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း နှင့်ထိုက်တန်သော အကျင့်ဖြင့် အသက်ရှင်နီထိုင်ကြရန် သခင်ဘုရားအတွက် အကျဉ်းခံရသော သူတစ်ယောက်အဖြစ်ဖြင့် ငါသည် သင်ရို့အား နှိုးဆော်တိုက်တွန်းပါ၏။
ဧဝေါဒိနှင့် သုန္တုတ်ရို့၊ သခင်ဘုရား၏ တပည့်တော်မတိ ပီသစွာ စိတ်သဘောညီညွတ်မှု ဟိကြရန် ငါ တောင်းပန်ပါ၏။
သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။
လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။