4 စိတ်မသာ ညည်းတွားလျက်ဟိသော သူရို့သည် မင်္ဂလာဟိကြ၏၊ ဘုရားသခင်သည် သူရို့ကို နှစ်သိမ့်ပီးတော်မူလိမ့်မည်။
“သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။
“အဂု ဆာမွတ်နိန်သောသူရို့၊ သင်ရို့သည် မင်္ဂလာဟိကြ၏။ အကြောင်းမူကား သင်ရို့သည် ဝပြောရလိမ့်မည်။” အဂု ငိုကြွီးနိန်သောသူရို့၊ သင်ရို့သည် မင်္ဂလာဟိကြ၏။ အကြောင်းမူကား သင်ရို့သည် ရယ်မောရလိမ့်မည်။
“အဂု ဝစွာစားရသောသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊ အကြောင်းမူကား သင်ရို့သည် ဆာမွတ်ရလိမ့်မည်။ အဂု ရယ်မောရသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊” အကြောင်းမူကား သင်ရို့သည် ငြီးတွားငိုကြွီးရလိမ့်မည်။
ယေသျှု၏ ခြီတော်ရင်းနောက်တွင် ရပ်လျက် ငိုယိုကာ နိန်၏။ သူမ၏မျက်ရည်သည် ကိုယ်တော်၏ ခြီတော်တွင်ကျသဖြင့် မိမိဆံပင်ဖြင့် သုတ်လေ၏။ ထိုမိန်းမသည် ကိုယ်တော်၏ခြီတိကို နမ်းပြီး ဆီမွှီးဖြင့် သုတ်လိမ်းလျက် နိန်၏။
သို့စေကာမူ ကိုယ်တော်က ထိုမိန်းမအား၊ “သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ဗျာယ်၊ ငြိမ်းဝပ်စွာလားလီ” ဟု မိန့်တော်မူ၏။
စုံစမ်းစစ်ဆီးခြင်း၌ သည်းခံတတ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား ထိုသို့သော စုံစမ်းစစ်ကြောခြင်းကို အောင်မြင်သောသူသည် ဘုရားသခင်က မိမိကို ချစ်သောသူတိအား ကတိပီးထားတော်မူသည့် အသက်သရဖူကို ရလိမ့်မည်။
ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။