11 “သင်ရို့သည် ငါ့တပည့်ဖြစ်သောကြောင့် လူတိက မဟုတ်မမှန် စွပ်စွဲ၍ အပြစ်ရှာလျက် ညှည်းပန်းနှိပ်စက်လာကြသောအခါ သင်ရို့သည် မင်္ဂလာဟိကြ၏။
ငါ့ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်များ၏ရှိ့မှောက်၌ စစ်ဆီးမိန်းမြန်းရန်လည်းကောင်း၊ ထိုသူရို့နှင့်တကွ တခြားလူမျိုးတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာလည်းကောင်း သင်ရို့ကို ဖမ်းဆီးခေါ်ဆောင်လားကတ်လိမ့်မည်။
ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကတ်လိမ့်မည်။ သို့သော် အဆုံးထိတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရ လိမ့်မည်။
ထို့ကြောင့် တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် အသျှင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် ကြေနပ်လောက်ပေ၏။ အိမ်ထောင်ဦးစီးကို ဗေလဇေဗုလ ဟူ၍ ခေါ်ကြလျှင် အိမ်သူအိမ်သားတိကို ဤထက်ဆိုးသောနာမည်ဖြင့် ခေါ်ကြလိမ့်မည်။
မိမိအသက်ကို ရခြင်းငှာ ကြိုးစားသောသူသည် အသက်ယှုံးလိမ့်မည်။ သို့သော်လည်း ငါ၏အကျိုးအလို့ငှာ မိမိအသက်ကို စွန့်သောသူသည်ကား အသက်ကို ရလိမ့်မည်။
ငါ၏အကျိုးကို ထောက်ရှု၍ မိမိရို့၏အိမ်၊ ညီအစ်ကိုမောင်နှမ၊ အမိအဖ၊ သားသမီး၊ လယ်ယာကိုင်းကျွန်း တစ်ခုခုကို စွန့်ထားခသောသူသည် ထိုထက်မက အဆတစ်ရာများပြားစွာ ခံစားရလိမ့်မည်၊ ထိုမျှမက ထာဝရအသက်ကို အမွီခံရလိမ့်မည်။
“ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှည်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။
လမ်းလားလမ်းလာလူတိက ဂေါင်းတညိတ်ညိတ်ဖြင့် ကိုယ်တော့်ကို ကဲ့ရဲ့ဆဲဆိုလားကြ၏။
ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
“သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။
သို့သော် ထိုတရားစကားသည် သူရို့အထဲ၌ အမြစ်မစွဲ၊ တစ်အောင့်ချေရာ တည်၏။ ထိုတရားစကားကြောင့် ဒုက္ခနှင့် ညှည်းပန်းနှိပ်စက်ခြင်းကို ကြုံတွိ့ရသောအခါ သူရို့သည် ဖောက်ပြန်လားတတ်၏။
မိမိအသက်ကို ကယ်လိုသောသူကား အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့် သော်လည်းကောင်း မိမိ၏အသက်ကို ဆုံးယှုံးသောသူကား အသက်ကိုရလိမ့်မည်။
ဤအမှုအရာတိ မဖြစ်ခင် ငါ၏နာမကြောင့် သင်ရို့ကို လူတိက ဖမ်းဆီးညှည်းဆဲပြီးလျှင် တရားဇရပ်များတွင် လည်းကောင်း၊ အကျဉ်းထောင်များတွင် လည်းကောင်း အပ်နှံကြလိမ့်မည်။ သျှင်ဘုရင်၊ အုပ်ချုပ်သူတိပါးသို့ ပို့ဆောင်ကြလိမ့်မည်။
လူတိုင်းက ငါ၏နာမကြောင့် သင်ရို့ကို မုန်းတီးကြလိမ့်မည်။
“လူသားကြောင့် သင့်ကို လူတိက မုန်းတီးခြင်း၊ ငြင်းပယ်ခြင်း၊ မထီလေးစားပြုခံရခြင်းနှင့် အသရေရှုံ့ချ ခံရသောအခါ မင်္ဂလာဟိကြ၏။”
အကြောင်းမူကား မိမိအသက်ကို ကယ်တင်လိုသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ဆုံးယှုံးသူသည် မိမိအသက်ကို ကယ်တင်လိမ့်မည်။
ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။
ထိုသူရို့ကလည်း ထိုသူအား ကြိမ်းမောင်းလျက် “သင်သာလျှင် သူ၏ တပည့်ဖြစ်၏။ ငါရို့မူကား မောသျှေတပည့်တိ ဖြစ်ကြ၏။
ငါ၏နာမအဖို့အလို့ငှာ သူခံရမည့် ဒုက္ခဆင်းရဲခြင်း အကြောင်းကို အားလုံးကို ငါကိုယ်တိုင် သူ့ကိုဖော်ပြမည်” ဟု မိန့်တော်မူ၏။
ကျမ်းစာ၌ “ကိုယ်တော်အတွက် အကျွန်ရို့သည် အချိန်တိုင်း၌ အသီသတ်ခြင်းကို ခံနိန်ကြရပါ၏၊ သတ်ဖို့ရန်ထားသော သိုးကဲ့သို့ အကျွန်ရို့ကို ထင်မှတ်ကြပါ၏” ဟု လာသတည်း။
ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။
ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။
သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။
ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။
သင်ရို့သည် ခရစ်တော်၏ နာမတော်ကြောင့် စော်ကားခြင်းကို ခံရသောအခါ မင်္ဂလာဟိကြ၏။ ဇာကြောင့်ဆိုသော် ထိုသို့ ခံရသောအချိန်၌ ဘုန်းတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထက်၌ ကိန်းဝပ်တော်မူ၏။
သင်သည် စိတ်ရှည်သည်းခံလျက် ငါ၏ နာမအတွက် များစွာဒုက္ခဆင်းရဲခံ၍ အားလျော့ခြင်း မဟိခပေ။