Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 4:25 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

25 ဂါလိလဲပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေရုဆလင်မြို့၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းမှ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 4:25
11 ပူးပေါင်းရင်းမြစ်များ  

ယေသျှုသည် သူ့အား လျှို့ဝှက်ကြံစည် နိန်ကြသည့်အကြောင်းကို ကြားသောခါ၊ ထိုအရပ်မှ ကြွတော်မူ၏။ လူအုပ်ကြီးကလည်း ကိုယ်တော်နောက်သို့ လိုက်လာကြ၏။ ကိုယ်တော်သည် မကျန်းမာသူအားလုံးကို ကျန်းမာစီတော်မူပြီးလျှင်၊


လူစုလူဝေးကြီးသည်လည်း ကိုယ်တော်နောက်သို့ လိုက်ပါလာကြ၏။ ကိုယ်တော်သည် ထိုနီရာ၌ သူရို့ကို ကျန်းမာစီတော်မူ၏။


“အို၊ ဇာဗုလုန်ဒေသနှင့် နဿလိဒေသတည်းဟူသော ယော်ဒန်မြစ်တစ်ဖက်ကမ်း ပင်လယ်သို့ ထွက်ရာလမ်းတစ်လျှောက်၌ဟိသော တခြားလူမျိုးတိနီထိုင်ရာ ဂါလိလဲပြည်၊


ယေသျှုသည် လူအုပ်ကြီးကို မြင်တော်မူလျှင် တောင်ကုန်းထက်သို့ တက်ကြွတော်မူပြီး ထိုနီရာ၌ ထိုင်တော်မူ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော်၏ပတ်လည်၌ ဝိုင်း၍ ထိုင်ကြ၏။


ယေသျှုသည် တောင်ထက်မှ ဆင်းလာသောအခါ လူအုပ်ကြီးသည် ကိုယ်တော်နောက်သို့ လိုက်လာကြ၏။


ထို့ကြောင့် ထိုသူသည် ထွက်လား၍၊ ယေသျှုသည် မိမိ၌ ဇာမျှလောက် ကျေးဇူးပြုတော်မူကြောင်းကို၊ မြို့ဆယ်မြို့ဟိသော ဒေကာပေါလိပြည် တစ်လျှောက်လုံးတွင် အနှံ့အပြား ပြောကြားရာ ကြားရသောသူရို့သည် အံ့ဩကြ၏။


ဥပုသ်နိ့ ရောက်သောအခါ ကိုယ်တော်သည် တရားဇရပ်၌ ဟောပြောသွန်သင်တော်မူ၏။ လူအပေါင်းရို့သည် ကိုယ်တော်၏ သွန်သင်တော်မူချက်ကို ကြားရလျှင် အံ့သြကြသည်ဖြစ်၍ “ဤသူကား ဤပညာကို ဇာကရသနည်း။ ဤသူရဟိသော ပညာကား ဇာမျိုး ပညာနည်း။ ဇာပိုင် ဤနိမိတ်လက္ခဏာတိကို ပြနိုင်သနည်း။


တုရုဒေသမှ အပြန်တွင် ယေသျှုသည် ဇိဒုန်မြို့ကို လည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကို လည်းကောင်း ဖြတ်၍ ဂါလိလဲအိုင်သို့ ကြွတော်မူ၏။


ယေသျှုသည် တမန်တော်တိနှင့်အတူ တောင်ထက်မှ ဆင်းကြွတော်မူပြီးလျှင် များစွာသော တပည့်တော်တိနှင့်အတူ မြီညီရာအရပ်၌ ရပ် နိန်တော်မူ၏။ ထိုနီရာ၌ ယုဒပြည်၊ ယေရုဆလင်မြို့အပြင် ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော တုရုမြို့နှင့် ဇိဒုန်မြို့များမှ လူအစုအဝေးရို့သည် ဟိကြ၏။


ကိုယ်တော်အထံတော်မှ တန်ခိုးထွက်၍ အနာရောဂါပျောက်စီသောကြောင့် လူအပေါင်းရို့သည် ကိုယ်တော့်ကို တို့ထိရန် ကြိုးစားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ