မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 2:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား12 ဘုရားသခင်က ဟေရုဒ်မင်းကြီးထံပါးသို့ ပြန်၍ မလားကြရန် အိပ်မက်ထဲ၌ နက္ခတ်ပညာဟိရို့ကို ပြောထားပြီးဖြစ်သောကြောင့် သူရို့သည် မိမိတိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်လားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူရို့က “ဘုရားသခင်ကို ကြည်ညို၍ ယုဒလူမျိုးအားလုံးက အလွန်လေးစားရသော၊ သူတော်ကောင်းတစ်ယောက်ဖြစ်သူ တပ်မှူး ကော်နေလိက အကျွန်ရို့ကို ရွှတ်လိုက်ပါ၏။ အကြောင်းမှာ သင်၏စကားကို ကြားနာခြင်းငှာ သင့်ကို သူ့အိမ်သို့ ခေါ်ဖိတ်ရန် ဘုရားသခင်၏ သန့်ယှင်းသောကောင်းကင်တမန်တစ်ပါးက သူ့အား ပြောသောကြောင့် အကျွန်ရို့ လာရခြင်းဖြစ်ပါ၏” ဟု ပြန်ပြောကြ၏။
နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။
မောသျှေသည် ဝတ်ပြုရန် တဲတော်ကို တည်ဆောက်မည်ပြုသောအခါ ဘုရားသခင်က “တောင်ပေါ်တွင် သင့်ကို ငါ ပြခသည့် ပုံစံအတိုင်း အရာရာကို သေချာစွာ လုပ်ဆောင်လော့” ဟု သူ့အား မိန့်မှာခသည့်အတိုင်း ယဇ်ပုရောဟိတ်ရို့ လုပ်ဆောင်နိန်ကြသော အလုပ်သည် ကောင်းကင်ဘုံ၌ဟိသော အမှုအရာ၏ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး မောသျှေ၏လုပ်ဆောင်မှုနှင့် အတူတူပင် ဖြစ်၏။