9 သင်ရို့ကို ငါ ဆိုသည်ကား၊ မည်သူမဆို ကာမဖောက်ပြန်ခြင်းကလွဲ၍ မိမိမယားကို ကွာပြီး တခြားမိန်းမနှင့် ပေါင်းသင်းသောသူသည် သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။”
“လင်နှင့်မယားကိစ္စသည် ဤသို့ ဖြစ်နိန်လျှင် လက်မထပ်ပါက သာ၍ ကောင်းပါဖို့သိမ့်” ဟု တပည့်တော်တိက ကိုယ်တော်အား လျှောက်ကြ၏။
ယေသျှုက “သင်ရို့သည် စိတ်နှလုံးခက်ထန်မာကျောသူများ ဖြစ်သောကြောင့် မောသျှေက သင်ရို့ကို သင်ရို့မယားနှင့် ကွာခွင့် ပီးထားခ၏။ အစဦးက ထိုသို့မဟုတ်။
သို့သော်၊ အဂုသင်ရို့ကို ငါ ဆိုလိုသည်ကား၊ ဖောက်ပြန်တတ်သော မိန်းမကလွဲ၍ ဇာအကြောင်းနှင့်မဆို မိမိမယားကို ကွာသောသူသည် မိမိမယားကို ပြစ်မှားခြင်းဖြစ်၏။ လင်ကွာထားသောမိန်းမနှင့် ပေါင်သင်းသော ယောက်ျားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။
“အကြင်သူသည် မိမိမယားနှင့် ကွာ၍ အခြားသောမိန်းမနှင့် လက်ထပ်လျှင် ကာမဖောက်ပြားသောသူ ဖြစ်၏။ ကွာယှင်းထားသော မိန်းမနှင့် လက်ထပ်သောသူကလည်း ကာမဖောက်ပြားသောသူ ဖြစ်၏။
သာသနာပလူရို့ပင်လျှင် ပြုကျင့်ကြမည့်အရာ မဟုတ်သော ကာမဂုဏ်လိုက်စားမှုသည် သင်ရို့တွင် ဟိနိန်ကြောင်းကို ငါ ကြားသိရ၏။ လူတစ်ယောက်သည် မိမိ၏ မိထွီးနှင့် အိပ်လျက် ဟိသည်ဟု ငါအား ပြောကြ၏။
အိမ်ထောင်ပြုသော မိန်းမသည် မိမိ၏ လင်ယောကျ်ား အသက်ရှင်သမျှ ကာလပတ်လုံး လွတ်လပ်မှုမဟိ။ သို့သော် လင်ယောကျ်ား သီဆုံးလားသောအခါတွင်မူ မိမိဆန္ဒအလျောက် ကြိုက်နှစ်သက်သောသူနှင့် လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်၏။ သို့ပိုင်သျှောင် ထိုပေါင်းသင်းမှုသည် ယုံကြည်သူ အချင်းချင်း ပေါင်းသင်းမှုသာလျှင် ဖြစ်ရမည်။
မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။