4 ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။
ထိုအချိန်၌ တပည့်တော်ရို့သည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် “ကောင်းကင်နိုင်ငံတော်မှာ ဇာသူသည် အကြီးဆုံးဖြစ်ပါလဲ” ဟု မိန်းကြ၏။
“သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည်မဟုတ်။
ပြီးနောက် ဇာသူမဆို ငါ၏ နာမည်ကို ထောက်၍ ဤကဲ့သို့သော သူငယ်တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံသောသူ ဖြစ်၏။
သို့သော်၊ သင်ရို့၌ကား ထိုသို့မဟုတ်။ သင်ရို့အထဲက အကြီးအကဲ ဖြစ်လိုသောသူသည် လူတိုင်း၏ အခိုင်းအစီကို ခံစီ။
သို့သော် တပည့်တော်ရို့သည် နှုတ်ဆိတ်နိန်ကြ၏။ အကြောင်းမူကား မိမိရို့အထဲ၌ ဇာသူသည် အကြီးမြတ်ဆုံးဖြစ်သည်ကို လမ်းတွင် ဆွေးနွေးငြင်းခုံကြသောကြောင့် ဖြစ်၏။
အကြောင်းမူကား ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူရို့သည် နှိမ့်ချခြင်းကို ခံရပြီး ကိုယ့်ကိုကိုယ် နှိမ့်ချသောသူရို့သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က သူရို့အား “ငါ၏နာမကိုထောက်၍ ဤအချေ တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စီရွှတ်တော်မူသော အသျှင်ကို လက်ခံခြင်းဖြစ်၏။ အကြောင်းမူကား သင်ရို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်သည်” ဟု မိန့်တော်မူ၏။
သခင်ဘုရားရှိ့တော်၌ မိမိကိုယ်ကို နှိမ့်ချကြလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ကို မစ တော်မူလိမ့်မည်။
ထိုနည်းတူ ငယ်ရွယ်သောသူရို့၊ အသက်ကြီးသောသူရို့၏ စကားကို နားထောင်ကြလော့။ သင်ရို့အားလုံးသည် နှိမ့်ချခြင်း တန်ဆာကိုဆင်လျက် တစ်ဦးကိုတစ်ဦး အလုပ်အကျွေး ပြုကြရမည်။ ဇာကြောင့်ဆိုသော် ကျမ်းစာတော်၌ “ဘုရားသခင်သည် မာနကြီးသောသူကို ဆီးတားတော်မူ၍ စိတ်နှိမ့်ချသောသူကိုမူကား ကျေးဇူးပြုတော်မူ၏” ဟု ဖော်ပြထား၏။