Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 13:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 13:11
40 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ ချဉ်းကပ်၍ “ကိုယ်တော်သည် လူတိကို ပြောသည့်အခါ ပုံဥမာတိကို ဇာကြောင့် အသုံးပြုပါလဲ” ဟု မိန်းကြ၏။


ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့်မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”


ထိုအခါ ယေသျှုက “ဤစကားကို လူတိုင်းလက်မခံနိုင်၊ အခွင့်ပီးထားသောသူရို့သာလျှင် လက်ခံနိုင်၏။


ယေသျှုက “သင်ရို့သည် ငါ၏ခွက်ကို အမှန်ပင် သောက်ရကြလိမ့်မည်။ သို့သော် ငါ၏လက်ယာဖက်၊ လက်ဝဲဖက်မှာ ထိုင်မည့်သူတိကို ငါသည် ရွီးချယ်ပိုင်ခွင့် မဟိ။ ငါ၏အဖက ရွီးချယ်ထားသောသူရို့သာ ဤနီရာကို ပိုင်ထိုက်တော်မူ၏” ဟု သူရို့အား မိန့်တော်မူ၏။


သို့သော်၊ ငါ၏လက်ယာဖက်၊ လက်ဝဲဖက်၌ ထိုင်ရသောအခွင့်ကိုကား ငါ၌ ပီးပိုင်ခွင့်မဟိ။ ဤအခွင့်သည် ဘုရားသခင် ပျင်ဆင်ပီးထားသော သူတိအဖို့သာ ဖြစ်၏” ဟု မိန့်တော်မူ၏။


ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်နိုင်ငံတော်၏ နက်နဲသောအရာတိကို သိရသောအခွင့်ဟိကြ၏။ သို့သော် အပြင်၌ ဟိသောသူတိကား ပုံဥပမာအားဖြင့်သာ ကြားရကြ၏။


ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသည့် အရာတိကို သိရခြင်းငှာ အခွင့်ဟိကြ၏။ သို့သော် အခြားသော လူတိအား ‘ကြည့်လျက်နန့် မမြင်၊ ကြားလျက်နန့် နားမလည်’ သည့်အတွက် ပုံဥပမာကိုသာ ဟောရခြင်းဖြစ်၏။


တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။


ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။


နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။


ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။


နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။


ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။


ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။


ငါရို့သည် ဘုရားသခင်၏ နက်နဲသော သမ္မာတရားတော်ကို စောင့်ထိန်းရသည့် ဘဏ္ဍာထိန်း ကဲ့သို့လည်းကောင်း၊ ခရစ်တော်၏ အခိုင်းအစီများကဲ့သို့လည်းကောင်း ဖြစ်သည်ဟု သင်ရို့ မှတ်ယူသင့်ကြ၏။


ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။


ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကို လည်းကောင်း၊


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ဤသည်ကား လျှို့ဝှက်နက်နဲသောအရာကို ဤကျမ်းစာ၌ ဖော်ပြထားခြင်းဖြစ်ပေ၏။ ထိုစကားသည် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်းသည်ဟု ငါနားလည်၏။


ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။


သင်ရို့၌ မည်သူမဆို ဉာဏ်ပညာ မဟိလျှင် အပြစ်မမြင်ဘဲ အရာခပ်သိမ်းကို စေတနာစိတ်ထက်သန်စွာ ပီးတော်မူသော ဘုရားသခင်ထံ ဆုတောင်းကြလော့။ ကိုယ်တော်သည် ထိုသူအား ဉာဏ်ပညာကို ပီးတော်မူလိမ့်မည်။


သို့ရာတွင် ခရစ်တော်သည် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူသည်ဖြစ်၍ သင်ရို့အားလုံးသည် သမ္မာတရားကို သိကြ၏။


သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ