Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 10:41 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

41 ပရောဖက်တစ်ပါးကို ကြိုဆိုလက်ခံသောသူမည်သည်ကား ထိုသူသည် ပရောဖက်ဖြစ်သောကြောင့် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ထို့အပြင် သူတော်ကောင်းတစ်ယောက်ကို ကြိုဆိုလက်ခံသောသူ မည်သည်ကား ထိုသူသည် သူတော်ကောင်းဖြစ်သောကြောင့် သူတော်ကောင်းကပီးသော ကောင်းကျိုးကို ခံစားကြရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 10:41
27 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။


“သူရို့ကလည်း ‘အသျှင်ဘုရား အကျွန်ရို့သည် ဇာအချိန်အခါ၌ ကိုယ်တော် ဝမ်းဆာနိန်ခသည်ကိုလည်းကောင်း၊ ရီသောက်ငတ်နိန်ခသည်ကိုလည်းကောင်း၊ အာဂန္တုဖြစ်နိန်ခသည်ကိုလည်းကောင်း၊ အဝတ်လိုအပ်နိန်ခသည်ကိုလည်းကောင်း၊ ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ချခံထားရသည်ကိုလည်းကောင်း အကျွန်ရို့သည် မြင်၍ မပြုစုခပါလဲ’ ဟု ပြန်၍ လျှောက်ကြ၏။


ထိုအခါ မင်းကြီးက ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤသို့သော ငါ၏ညီအစ်ကို မောင်နှမများထဲက အငယ်ဆုံးသောသူတစ်ယောက်ကို မပြုစုခခြင်းသည် ငါ့ကို မပြုစုခခြင်းဖြစ်၏’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။


“သင်ရို့သည် ဘာသာရေးဆိုင်ရာ ဝတ္တရားများကို လူအများ မြင်သာအောင် လူမြင်ကွင်းမှာ မလုပ်ဆောင်ကြဖို့ အထူး သတိထားကတ်ပါ။ ယင်းပိုင် လူမြင်ကွင်းမှာ လုပ်ပြလျှင် ကောင်းကင်ဘုံသျှင် သင်ရို့အဖထံတော်ပါးက ဇာဆုကျေးဇူးကိုလည်း ရလိမ့်မည်မဟုတ်။


သင်အစာယှောင်နိန်သည်ကို တခြားလူတိအား မသိစီဘဲ မမြင်နိုင်သော သင်ရို့၏အဖကို သာလျှင် သိမြင်စီပါ။ သို့ပြုလျှင် ဆိတ်ကွယ်ရာအရပ်၌ သင်ရို့ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား ကောင်းချီးများစွာကို ပီးတော်မူလိမ့်မည်။


ထိုအမှုသည် ထိုသူ တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သောကိစ္စဖြစ်ရမည်။ သို့မှသာ ဆိတ်ကွယ်ရာ၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား အကျိုးကို ထင်ရှားစွာ ပီးတော်မူလိမ့်မည်။


သို့ဖြစ်၍ သင်သည် ဆုတောင်းသည့်အခါ အခန်းထဲသို့ ဝင်၍ တန်းခါးကို ပိတ်ပြီးလျှင် လူတိမမြင်နိုင်သော သင်၏အဖကို တောင်းကြလော့။ ဆိတ်ကွယ်ရာအရပ်၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင့်အား ပီးတော်လိမ့်မည်။


တောင်းသောသူတိုင်း ရလိမ့်မည်။ ရှာသောသူတိုင်း တွိ့လိမ့်မည်။ ခေါက်သောသူတိုင်းလည်း တန်းခါးကို ဖွင့်ပီးလိမ့်မည်။


ထိုမိန်းမသည် မိမိ၏ အိမ်သူအိမ်သားတိနှင့်အတူ ဗတ္တိဇံကို ခံပြီးနောက် “အကျွန်သည် သခင်ဘုရား၏ စစ်မှန်သော ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု သင်ရို့ သတ်မှတ်လျှင် အကျွန့်အိမ်၌ လာ၍ တည်းကြပါ” ဟု တောင်းပန်၍ သူမသည် ငါရို့အား လိုက်ပါဖို့ရန် ဆွဲဆောင်ပြောဆိုလေ၏။


ငါမှစ၍ မိမိ၏အိမ်အသင်းတော်၌ လာရောက်စုဝေးကြသော အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ကျေပွန်သူ ဂါယု ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်း ဧရတ္တု နှင့် ငါရို့၏ညီအစ်ကို ကွာတု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။


ငါသည် မိမိဆန္ဒအလျောက် အမှုတော်ကို ဆောင်ရွက်လျှင် အကျိုးဟိ၏။ သို့ရာတွင် မိမိဆန္ဒအလျောက်မဟုတ်လျှင် ဘုရားသခင်သည် ငါအား ဤအမှုတော်ကို လုပ်ဆောင်ရန် ပီးအပ်ထားခြင်းဖြစ်၏။


ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။


သို့ဖြစ်၍ သင်ရို့သည် ငါရို့ လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ