Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 10:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 မြို့တစ်မြို့၌ သင်ရို့ကို ညှည်းဆဲကြလျှင် တခြားမြို့ တစ်မြို့သို့ ထွက်ဗြီးကြလော့။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် ဣသရေလမြို့ရွာအားလုံး၌ သင်ရို့၏အလုပ် မပြီးစီးခင် လူသားသည် ကြွလာလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း 10:23
29 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။


သင်ရို့ကို ငါ အမှန်ဆိုသည်ကား လူသားသည် သျှင်ဘုရင်အဖြစ်ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရသည့်တိုင်အောင် ဤအရပ်၌ ဟိနိန်ကြသော လူတချို့သည် မသီကြရသိမ့်” ဟု မိန့်တော်မူ၏။


နက္ခတ်ဗေဒပညာဟိရို့ ထွက်လားပြီးနောက် သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးက ယောသပ်အား “ဟေရုဒ်မင်းကြီးသည် ဤသူငယ်ကို သတ်ခြင်းငှာ လိုက်ရှာနိန်၏။ ယေဇူးနန့် ထလော့၊ သူငယ်နှင့် သူ၏အမိကို ခေါ်၍ အဲဂုတ္တုပြည်သို့ ထွက်ဗြီးလားလီ၊ သင့်ကို ငါ တစ်ခုခု မပြောမချင်း အဲဂုတ္တုပြည်မှ ထွက်မလာကတ်ကေ့” ဟု အိပ်မက်ပီး၏။


သင်ရို့ပါးသို့ ပရောဖက်တိ၊ ပညာဟိတိနှင့် ကျမ်းတတ်ဆရာတိကို ငါ ရွှတ်လိုက်၏။ သင်ရို့သည် သူရို့ထဲက တချို့ကို သတ်ကြလိမ့်မည်၊ တချို့ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ တချို့ကို တရားဇရပ်ထဲ၌ သတ်ပုတ်ကြလိမ့်မည်၊ တစ်မြို့ ပြီး တစ်မြို့ လိုက်၍ ဖမ်းကြလိမ့်မည်၊


ငါသည် အမှန်အတိုင်း သင်ရို့ကို ပြောရလျှင် ဤအပြစ်အားလုံးသည် ယခုဟိနိန်ကြသော လူတိထက်မှာ ကျလာကတ်လိမ့်မည်။


အကြောင်းမူကား အရှိ့အရပ်မှ အနောက်အရပ်ထိ အာကာတစ်ပြင်လုံးကို ဖြတ်၍ လျှပ်ပြက်သကဲ့သို့ လူသားသည် ကြွလာတော်မူလိမ့်မည်။


ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။


သင်ရို့ကို ငါ အမှန်ဆိုသည်ကား ယခုအသက်ရှင်လျက်ဟိသောလူတိ မသီခင် ဤအရာများအားလုံးသည် ဖြစ်လာကြလိမ့်မည်ကို မှတ်ထားကြလော့။


သို့ရာတွင် ဆိုးယုတ်သောအစီခံသည်ကား ငါ၏သခင် ပြန်လာရန် ကြာဖို့သိမ့်ဟု စိတ်ထင်ဖြင့်၊


“ထို့ကြောင့် သင်ရို့သည် ထိုနိ့ရက်ကာလကို မသိကြသောကြောင့် သတိနှင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူလျက် ယေသျှုက ပုံပြင်ကို အဆုံးသတ်လိုက်၏။


ယေသျှုက “သင်ပြောသည့်အတိုင်းပင် ဖြစ်၏။ သို့သော် သင်ရို့အားလုံးကို ငါ ဆိုသည်ကား၊ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက် ကောင်းကင်မိုးတိမ်ထက်က ကြွလာတော်မူသည်ကို သင်ရို့သည် ယခုမှစ၍ မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။


ယောဟန်သည် ထောင်ထဲ၌ ချထားခြင်းကို ခံနိန်ရသည်ကို ယေသျှု ကြားလျှင် ဂါလိလဲပြည်သို့ ကြွလားတော်မူ၏။


ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။


သင်ရို့အား ငါဆိုသည်ကား၊ သူရို့ဖက်၌ အလျင်အမြန် တရားစီရင်တော်မူလိမ့်မည်။ သို့သော်လည်း လူသားကြွလာတော်မူသောအခါ ယုံကြည်ခြင်းကို ဤလောက၌ တွိ့နိုင်မည်လော” ဟု မိန့်တော်မူ၏။


ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။


ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တစ်လျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။


ညဉ့်အချိန် ရောက်လျှင်ရောက်ချင်း၊ ယုံကြည်သူတိက ပေါလုနှင့် သိလကို ဗေရိမြို့သို့ ပို့ဆောင်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် သူရို့သည် ယုဒ တရားဇရပ်သို့ ဝင်ကြ၏။


ထို့ကြောင့် ယုံကြည်သူများက ပေါလုကို ပင်လယ်ကမ်းခြီသို့ ချက်ချင်း ပို့ဆောင်လိုက်ကြ၏။ သို့ရာတွင် သိလနှင့် တိမောသေ နှစ်ယောက်တည်း ဗေရိမြို့၌ ကျန်လိုက်ခ၏။


ထိုရုန်းရင်းခတ်သောအမှု ပြီးလားသည့်နောက် ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ အားပီးစကားပြောပြီး နှုတ်ဆက်လေ၏။ ထို့နောက် သူသည် မာကေဒေါနိပြည်သို့ ထွက်ခွာလားလေ၏။


သတေဖန်ကို သတ်သည့်အမှုတွင် သျှောလုသည် အလိုတူအလိုပါဖြစ်သတည်း။ ထိုနိ့မှစ၍ ယေရုဆလင်မြို့၌ဟိသော အသင်းတော်များသည် ညှည်းပန်းနှိပ်စက်ခြင်းကို ပြင်းစွာခံရလေ၏။ ထို့ကြောင့် တမန်တော်ရို့မှတစ်ပါး ယုံကြည်သူအားလုံးရို့သည် ယုဒပြည်နှင့် ယှာမာရိပြည်တစ်လျှောက်သို့ ပြန့်ကြဲလားကြကုန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ