16 ယာကုပ်သည် မာရိ၏ လင်ယောက်ျား ယောသပ်၏ အဖ၊ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေသျှုကို မွီးသော အမိ ဖြစ်၏။
ဧလုဒ်သည် ဧလာဇာ၏ အဖ၊ ဧလာဇာသည် မဿန်၏ အဖ၊ မဿန်သည် ယာကုပ်၏ အဖ
သျှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူ၏” ဟု ပြန်လျှောက်၏။
ဤသို့ တပည့်တော်တိအား ဆုံးမသွန်သင်ပြီးနောက် ယေသျှုက သူသည် မေသျှိယဖြစ်ကြောင်းကို ဇာသူ့ကိုမျှ မပြောစီခြင်းငှာ တပည့်တော်တိအား မိန့်မှာတော်မူ၏။
နက္ခတ်ဗေဒပညာဟိရို့ ထွက်လားပြီးနောက် သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးက ယောသပ်အား “ဟေရုဒ်မင်းကြီးသည် ဤသူငယ်ကို သတ်ခြင်းငှာ လိုက်ရှာနိန်၏။ ယေဇူးနန့် ထလော့၊ သူငယ်နှင့် သူ၏အမိကို ခေါ်၍ အဲဂုတ္တုပြည်သို့ ထွက်ဗြီးလားလီ၊ သင့်ကို ငါ တစ်ခုခု မပြောမချင်း အဲဂုတ္တုပြည်မှ ထွက်မလာကတ်ကေ့” ဟု အိပ်မက်ပီး၏။
ထိုသို့အလို့ငှာ လူရို့သည် စုရုံးရောက်လာကြသောအခါ ပိလတ်မင်းက သူရို့အား “သင်ရို့သည် ယေသျှု ဗာရဗ္ဗနှင့် မေသျှိယဟု ခေါ်သော ယေသျှု ရို့တွင် သင်ရို့အတွက် ဇာသူ့ကို ရွှတ်ပီးလိုကတ်လဲ” ဟု မိန်း၏။
ထို့နောက် ပိလတ်မင်းက “မေသျှိယဟု ခေါ်သော ယေသျှုကို ငါ ဇာပိုင် လုပ်ရပါဖို့လဲ” ဟု မိန်း၏။ သူရို့အားလုံးက “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်၍ အသီသတ်လိုက်ပါ” ဟု တောင်းဆိုကြ၏။
ဤသူကား လက်သမား မဟုတ်လော။ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့် သျှိမုန်ရို့၏ အစ်ကိုမဟုတ်လော။ သူ့နှမလည်း ဤအရပ်၌ နီသည် မဟုတ်လော” ဟု ပြောဆိုကြ၏။ သို့ဖြစ်၍ သူရို့သည် ကိုယ်တော့်ကို လက်မခံကြပေ။
ထိုကောင်းကင်တမန်၏ သတင်းစကားသည် ဒါဝိဒ်အမျိုးဖြစ်သော ယောသပ်နှင့် စိ့စပ်ထားသူ သတို့သမီးကညာအဖို့ ဖြစ်၏။ သူမ၏နာမည်မှာ မာရိဖြစ်၏။
သူ၏မိဖရို့သည် သူ့ကို တွိ့သောအခါ အံ့မောကျ၍၊ သူ၏ မိခင်က “ငါ့သား၊ ဇာဖြစ်လို့ ငါရို့ကို ဤသို့ ပြုသနည်း၊ မေမေနှင့်ဘာဘာကလည်း ကောင်းကောင်း စိတ်ပူပြီးလျှင် သားချေကို ရှာခရသည်” ဟု ပြော၏။
သူမသည် မိမိ၏သားဦးကို ဖွားမြင်လေ၏။ တည်းခိုသည့်အိမ်တွင် သူရို့အတွက် နီရာမဟိသောကြောင့် သူမသည် သူငယ်ကို အဝတ်စနှင့်ပတ်ကာ နွားစာခွက်တွင် သိပ်ထားလေ၏။
အမှုတော်ကို စတင်ဆောင်ရွက်ချိန်၌ ယေသျှုသည် အသက်သုံးဆယ်ခန့် ဟိတော်မူ၏။ လူများအထင်မှာ ကိုယ်တော်သည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏ သားတည်း။
လူအပေါင်းရို့သည် ကိုယ်တော်၏အကြောင်းကို ချီးကျူးပြောဆိုပြီး နှုတ်တော်ထွက်စကားများကို အံ့သြကြ၏။ သူရို့က “ဤသူသည် ယောသပ်သားမဟုတ်လား” ဟုပြောကြ၏။
ထိုမိန်းမကလည်း “မေသျှိယ ကြွလာမည်ကို အကျွန် သိပါ၏။ ထိုအသျှင်ကြွလာသောအခါ အရာခမ်းသိမ်းကို အကျွန်ရို့အား ဖွင့်ပြလိမ့်မည်” ဟု လျှောက်လေ၏။