လုကာ 9:31 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား31 သူရို့သည် ဘုန်းတန်ခိုးတော်နှင့်တကွ ပေါ်လာ၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ မကြာမီ ယေရုဆလင်မြို့၌ အသက်တော် စွန့်ရမည့်အကြောင်းကို ယေသျှုနှင့် ပြောနိန်ကြ၏။ အခန်းကိုကြည့်ပါ။Northern Rakhine31 သူရို့က ကိုယ်ရောင်ကိုယ်ဝါတိ တောက်ပဗျာလ် မကြာခင် ကိုယ်တော်က ဂျေရုဆလင်မြို့မာ အသီခံရပနာ ဘုရားသျှင်၏အကြံစိုင်ကို ပြည့်စုံမှန်ကန်စီဖို့အကြောင်း ကိုယ်တော်ယေရှုနန့်တတူ ပြောနီကတ်လီရေ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။