Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 9:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 လူထုပရိသတ်ရို့သည် ကိုယ်တော် ကြွလားကြောင်းကို ကြားကြသောအခါ နောက်တော်သို့ လိုက်ကြ၏။ ကိုယ်တော်သည် သူရို့ကို လက်ခံကြိုဆိုလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောပြီးလျှင် မကျန်းမာသောသူတိကိုလည်း ကျန်းမာစီတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Northern Rakhine

11 ယေကေလည်း လူအများကြီးက ယင်းပိုင်ကြွလာစွာကို ကြားရေခါ ကိုယ်တော် နောက်ကို လိုက်လားကတ်ပါရေ။ ကိုယ်တော်ကလည်း သူရို့ကိုကြိုဆိုပြီးကေ ဘုရားသျှင်၏သာသနာတော်အကြောင်းကို ဟောကြားဗျာလ် မကျိုင်းမာသူတိကိုလည်း ကျိုင်းမာစီတော်မူပါရေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:11
21 ပူးပေါင်းရင်းမြစ်များ  

ယေသျှုသည် သူ့အား လျှို့ဝှက်ကြံစည် နိန်ကြသည့်အကြောင်းကို ကြားသောခါ၊ ထိုအရပ်မှ ကြွတော်မူ၏။ လူအုပ်ကြီးကလည်း ကိုယ်တော်နောက်သို့ လိုက်လာကြ၏။ ကိုယ်တော်သည် မကျန်းမာသူအားလုံးကို ကျန်းမာစီတော်မူပြီးလျှင်၊


ယေသျှုသည် လောင်းထက်မှ ဆင်းပြီးနောက် လူအုပ်ကြီးကို မြင်သောအခါ စိတ်နှလုံးထဲ၌ အလွန် သနားတော်မူသည်ဖြစ်၍ မကျန်းမာသောသူများကို ကျန်းမာစီတော်မူ၏။


ထိုသားနှစ်ယောက်တွင် ဇာသူက သူ့အဖ၏အလိုတော်ကို လုပ်ဆောင်လဲ” ဟု ယေသျှုက မိန်း၏။ “သားကြီးပါ” ဟု သူရို့က ဖြေကြားကြ၏။ ယေသျှုက “သင်ရို့ကို ငါ အမှန်ဆိုသည်ကား အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိသည် သင်ရို့ထက် ရှိ့က ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိန်ကတ်ယာ” ဟု သူရို့အား မိန့်တော်မူ၏။


“ထို့ကြောင့် ယေသျှုက သင်ရို့ကို ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်ရို့ပါးက သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးမည့် လူတိပါးသို့ ပီးအပ်လိမ့်မည်” ဟု ထပ်၍ မိန့်တော်မူ၏။


ငတ်မွတ်သောသူရို့ကို ကောင်းသောအရာတိနှင့် ပြည့်ဝစီပြီး၊ ချမ်းသာကြွယ်ဝသောသူရို့ကို လက်ဗလာဖြင့် ရွှတ်လိုက်တော်မူ၏။


ထိုအခါ ယေသျှုက “ကျန်းမာသူသည် ဆီးဆရာကို အလိုမဟိ၊ ဖျားနာနိန်သောသူသာ အလိုဟိ၏။


ကာလအတန်ကြာသောအခါ ယေသျှုသည် မြို့ရွာများကို ကြွတော်မူ၍ ဘုရားသခင် နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောကြားတော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တစ်ဆယ့်နှစ်ပါးသည်လည်း လိုက်ကြ၏။


ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသည့် အရာတိကို သိရခြင်းငှာ အခွင့်ဟိကြ၏။ သို့သော် အခြားသော လူတိအား ‘ကြည့်လျက်နန့် မမြင်၊ ကြားလျက်နန့် နားမလည်’ သည့်အတွက် ပုံဥပမာကိုသာ ဟောရခြင်းဖြစ်၏။


တမန်တော်ရို့သည် ယေသျှုထံသို့ ပြန်လာကြပြီးလျှင် မိမိရို့ လုပ်ဆောင်သမျှကို ပြန်ပြောကြ၏။ ကိုယ်တော်သည် သူရို့ကိုခေါ်၍ ဗက်ဇဲဒဟုခေါ်သော မြို့သို့ ကြွတော်မူ၏။


နီဝင်စပြုသောအခါ တပည့်တော် တစ်ဆယ့်နှစ်ပါးသည် ကိုယ်တော်ထံသို့ လာ၍ “ဤလူတိကို ပတ်ဝန်းကျင်၌ဟိသော ကျေးရွာဇာနပုဒ်များနှင့် ယာတောများသို့လားပြီး တည်းခိုဖို့နီရာနှင့် အစားအစာကို ရှာစီပါ။ ဇာကြောင့်ဆိုသော် ဤနီရာသည် လူသူဝီးသောအရပ် ဖြစ်ပါ၏” ဟု လျှောက်ထားကြ၏။


ထို့နောက် ကိုယ်တော်သည် သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကျန်းမာစီရန် ရွှတ်တော်မူပြီးလျှင်၊


ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။


ငါ၏ခမည်းတော်က ငါ့အား ပီးတော်မူသော သူတိုင်းသည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါသည်လည်း ငါ့ပါးသို့ လာသောသူကို ကြောခိုင်း၍မထား။


ထိုသူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် အသျှင်ယေသျှုခရစ်တော်၏ အကြောင်းအလုံးစုံကို ရဲရင့်စွာ လွတ်လွတ်လပ်လပ် ဟောပြောသွန်သင်လေ၏။


သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။


သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။


အကြောင်းမူကား “ကိုယ်တော့်ကို ပြောဆိုသောသူရို့၏ ကဲ့ရဲ့စကားသည် အကျွန့်ထက်မှာ ကျရောက်ပါ၏” ဟု ကျမ်းစာလာသည်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကို ငြင်းပယ်တော်မူ၏။


အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။


သို့ဖြစ်၍ ငါရို့သည် ယုံကြည်သောစိတ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ပလ္လင်သို့ ချဉ်းကပ်ကြကုန်အံ့။ အကြောင်းမူကား ထိုအရပ်၌ ငါရို့သည် အကူအညီလိုအပ်သည့်အချိန်၌ ကျေးဇူးတော်ကို တွိ့မြင်၍ ကရုဏာတော်ကို ခံစားကြရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ