31 ဘုရားသခင်သည် အပြစ်သားတိ ဆုတောင်းသည်ကို နားညောင်းတော်မမူပါ။ ဘုရားသခင်အား ရိုသီလေးမြတ်၍ အလိုတော်အတိုင်း လုပ်ဆောင်နိန်သောသူရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ကို အကျွန်ရို့ သိပါ၏။
ယေဒါလည်း အဂုပင်လျှင် အသျှင် တောင်းသမျှအရာတိအား ဘုရားသခင်က ပီးမည်ဆိုသည်ကို အကျွန်သိပါ၏” ဟု လျှောက်လေ၏။
သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။
ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။
ထိုသူက၊ “သူသည် အကျွန့်မျက်စိကန်းနိန်သည်ကို ကုသခသောသူ ဖြစ်၏။ သို့သော်လည်း သင်ရို့က သူသည် ဇာကလာကြောင်းကို မသိသည်ကား အံ့သြဖို့ ကောင်းပါ၏။
မွီးရာပါ မျက်စိကန်းသူအား မျက်စိပြန်မြင်စီနိုင်သည်ကို ရှီးကာလမှစ၍ တစ်ခါလေ့ မကြားဖူးသိမ့်။
သို့ဖြစ်၍ ပညတ္တိကျမ်း၌ အကျွန့်ကို ရည်ညွှန်း၍ ရီးသားထားသည့်အတိုင်း၊ ‘အို ဘုရားသခင်၊ အသျှင်ဘုရား၏အလိုတော်ကို ဆောင်ရွက်ရန် အကျွန်သည် ဤနီရာ၌ ဟိပါ၏’ ” ဟု လျှောက်လေ၏။