Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 9:24 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

24 ထိုသူရို့ကလည်း မျက်စိကန်းဖူးသူကို ဒုတိယအကြိမ် ပြန်ခေါ်၍ “ဘုရားသခင်၏ ဘုန်းတော်ရှိ့၌ အမှန်တိုင်းပြောပါ။ သင့်၏မျက်စိကို မြင်စီသူသည် ဒုစရိုက်ကို ပြုသောသူဖြစ်ကြောင်း ငါရို့သိ၏” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 9:24
22 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်နှင့်အတူ ဒါးပြနှစ်ယောက်ကိုလည်း လက်ယာတော်ဖက်၌ တစ်ယောက်၊ လက်ဝဲတော်ဖက်၌ တစ်ယောက် ထား၍ လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြ၏။


ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က “ဤသူသည် အပြစ်သားတိကို လက်ခံပြီးလျှင် သူရို့တိနှင့်အတူ စားသောက် နိန်ပါသည်တကား” ဟု စတင်၍ ညည်းတွားပြောဆိုကြ၏။


ဤအခြင်းအရာကို လူတိက မြင်သောအခါ “ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား” ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။


ထိုအခြင်းအရာကို ဖာရိယှဲသည်မြင်လျှင် “ဤသူသည် ပရောဖက်တစ်ပါး အမှန် ဖြစ်သည်ဆိုလျှင် သူ၏ခြီကို ကိုင်နိန်သော မိန်းမသည် ဇာသူဖြစ်ကြောင်းကို လည်းကောင်း၊ ဇာအပြစ်ကို လုပ်နိန်သည်ကို လည်းကောင်း သိလိမ့်မည်” ဟု ရေရွတ်နိန်၏။


လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။


သင်ရို့ကို တရားဇရပ်များထဲက နှင်ထုတ်ကြလိမ့်မည်။ သင်ရို့ကို အသီသတ်သောသူများသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသောအချိန်သည် ရောက်လာလိမ့်မည်။


“အကျွန်ရို့သည် ဤသူကို ပြစ်မှားခြင်း မဟိဘဲ ခေါ်လာကြသည် မဟုတ်ပါ” ဟု သူရို့က ပြောကြ၏။


ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဗိမာန်တော် အစောင့်စစ်သည်များက သူ့ကို မြင်ကြသောအခါ “ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ၊ ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ် တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် သူ့ကို ခေါ်ဆောင်ပြီးလျှင် လက်ဝါးကပ်တိုင်တွင် တင်ပြီး အသီသတ်လိုက်ကြ။ သူ့အား အပြစ်စီရင်ရန် အကြောင်းကို ငါသည် ရှာမတွိ့” ဟု ဆိုလေ၏။


အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။


ငါသည် အပြစ်ဟိကြောင်း ဇာသူက သက်သီ ပြနိုင်မည်နည်း။ ငါသည် မှန်သောစကားကို ပြောသော်လည်း ဇာကြောင့် ငါ့ကို မယုံကြည်ကြသနည်း။


ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။


တချို့သော ဖာရိယှဲရို့က “ထိုသူသည် ဥပုသ်နိ့ကို မစောင့်သည့်အတွက် ဘုရားသခင်ထံပါးမှ လာသောသူ မဟုတ်” ဟု ပြောဆိုကြ၏။ တချို့က “ဒုစရိုက်ကိုပြုသောသူသည် ဤသို့သော နိမိတ်လက္ခဏာများကို ဇာကြောင့် လုပ်နိုင်ပါသနည်း” ဟု ဆိုကြ၏။ ထိုသို့ သူရို့သည် အချင်းချင်း စိတ်ဝမ်းကွဲပြားလျက် ဟိကြ၏။


ထိုသူကလည်း၊ “ထိုသူသည် ဒုစရိုက်ကိုပြုသောသူ ဟုတ်သည်၊ မဟုတ်သည်ကို အကျွန်မသိ။ အကျွန်သိသော အရာတစ်ခုမှာ အကျွန်သည် အယင်က မျက်စိကန်း၏။ အဂု မျက်စိမြင်လာသည့် အကြောင်းကိုသာ အကျွန်သိပါ၏” ဟု ပြန်ပြောလေ၏။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။


ထိုခဏ၌ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် မြို့၏ ဆယ်ပုံတစ်ပုံ ပျက်စီး၍ လူပေါင်း ၇,၀၀၀ သီဆုံးကြကုန်၏။ ကြွင်းကျန်သော သူရို့သည် ထိတ်လန့်လျက် ကောင်းကင်ဘုံသျှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးကြူးကြကုန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ