58 ယေသျှုက “ငါ အမှန်ဆိုသည်ကား၊ အာဗြဟံ မမွီးဖွားခင် ငါဟိ၏” ဟု မိန့်တော်မူ၏။
ယေသျှုက “သင်ရို့ကို ငါပြောပြီးယာ။ ယေဒါလည်း သင်ရို့က မယုံကြ။ ငါ့ခမည်းတော်အခွင့်နှင့် ငါပြုသော အမှုများသည် ငါ့အကြောင်းကို သက်သီခံနိန်ကြခြင်း ဖြစ်၏။
“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
အို အဖ၊ ဤကမ္ဘာ မတည်ခင်ကပင် ကိုယ်တော်နှင့်အတူ ဟိခဖူးသော ဘုန်းတော်ကို အဂု ကိုယ်တော်၏ မျက်မှောက်တော်၌ အကျွန်အား ထင်ရှားစီတော်မူပါ။
ထို့အတွက်ကြောင့် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးရလိမ့်မည်ဟု ငါဆို၏။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကို သင်ရို့ မယုံကြည်ကြလျှင် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေသျှုက “သင်ရို့သည် လူသားကို မြီကြီးမှ မြှောက်ထားသောအခါ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကိုလည်းကောင်း၊ ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဇာအမှုကိုမျှ မပြုဘဲ ခမည်းတော်က ငါ့ကို သွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်ကို သင်ရို့ သိကြလိမ့်မည်။
ယေသျှုက “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။
ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ခရစ်တော်သည် ခပ်သိမ်းသောအရာတိ မပေါ်ပေါက်ခင်ကပင် ဟိနိန်တော်မူပြီး ခပ်သိမ်းသောအရာရို့သည် ကိုယ်တော်၌ အတူတကွ တည်လျက်ဟိကြ၏။
ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။
ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
“စမုရနအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီး၍ ပီးလိုက်လော့။ “ဤသတင်းစကားသည် အစနှင့် အဆုံးဖြစ်သောသူ၊ သီပြီးမှ အသက်ပြန်၍ ရှင်လာသောသူ၏ထံမှ ဖြစ်၏။