Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 8:55 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

55 ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 8:55
25 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။


“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။


ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။


ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။


ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။


သူရို့သည် ငါ့ကို သို့မဟုတ် ခမည်းတော်ကို မသိကြသည်ဖြစ်၍ ဤသို့ ပြုမူကြခြင်းဖြစ်၏။


ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။


ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။


ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။


ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။


သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။


ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။


ယုဒလူတိကလည်း၊ “သင်သည် နတ်ဆိုး ပူးနိန်သူဖြစ်ကြောင်း အဂု ငါရို့သိရယာ။ အာဗြဟံလည်း သီလားခယာ။ ပရောဖက်တိလည်း သီလားခယာ။ ယေဒါလည်း ‘ငါ့စကားကို နားထောင်သောသူသည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်’ ဟု ဆိုသည်တကား။


အကြောင်းမူကား ငါသည် သင်ရို့မြို့ကို လှည့်လည်ပြီး သင်ရို့ ကိုးကွယ်ဝတ်ပြုကြသည့်အရာတိကို ကြည့်သောအခါ၌ ‘ငါရို့မသိသောဘုရားသခင်အတွက်’ ဟူ၍ ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုကို တွိ့ပါ၏။ သင်ရို့သည် မသိဘဲလျက် ကိုးကွယ်နိန်ကြသော ဘုရားအကြောင်းကို ယခု ငါ ဟောပြောပါမည်။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။


ထို့ကြောင့် လိမ်လည်သောသူကား မည်သူနည်း။ ယေသျှုသည် မေသျှိယမဟုတ်ဟု ပြောဆိုသောသူသည် လိမ်လည်သောသူဖြစ်၏။ ထိုသို့သောသူသည် ခရစ်တော်ကို ဆန့်ကျင်သော သူဖြစ်၏။ ထိုသူသည် ခမည်းတော်ကို လည်းကောင်း၊ သားတော်ကို လည်းကောင်း ငြင်းပယ်သောသူ ဖြစ်၏။


ကိုယ်တော့်ကို ငါရို့သိပါ၏ဟု ဆိုသော်လည်း ကိုယ်တော်၏ ပညတ်တော်တိကို မစောင့်ထိန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌ မဟိ။


ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် ထိုသက်သီခံချက်ကို မိမိ၏ စိတ်နှလုံးထဲ၌ ရဟိထား၏။ သို့ရာတွင် ဘုရားသခင်ကို မယုံကြည်သောသူသည် ကိုယ်တော့်ကို လိမ်လည်သောသူဟု ဆိုရာရောက်၏။ အကြောင်းမူကား ဘုရားသခင် သက်သီခံတော်မူသော သားတော်၏အကြောင်းကို သူရို့သည် မယုံကြည်ကြသောကြောင့်ဖြစ်၏။


နားထောင်လော့။ ကိုယ်တိုင် ယုဒလူမျိုးမဟုတ်ဘဲ ယုဒလူမျိုးဖြစ်သည်ဟု လိမ်လည်ပြောဆိုနိန်သောသူတည်းဟူသော စာတန်မာရ်နတ်၏ အဖွဲ့ဝင်ရို့အား သင်၏ခြီရင်းသို့ လာရောက်ပျပ်ဝပ်စီမည်။ သင့်အား ငါချစ်ကြောင်းကို သူရို့ သိကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ