40 ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။
ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တစ်လျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။
သင်ရို့အကြောင်းကို ငါပြောဆိုစရာ၊ အပြစ်စီရင်စရာများစွာ ဟိသိမ့်၏။ ငါ့ကို စီရွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ငါသည် ထိုအသျှင်ထံပါးက ကြားရသောအရာများကို ဤလောက၌ ငါဟောပြော၏” ဟု မိန့်တော်မူ၏။
သင်ရို့အဖ အဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြင်ခြင်းငှာ အလိုဟိ၏။ မြင်ရသောခါ၌လည်း ဝမ်းမြောက်ဝမ်းသာ ဟိ၏” ဟု မိန့်တော်မူ၏။
ငါရို့အဖ အာဗြဟံသည် အရီဖျားလှီးခြင်းကို ခံယူထားသောသူများ၏ အဖ ဖြစ်၏။ ထို့အပြင် သူသည် အရီဖျားလှီးခြင်းကို မခံယူခင် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခသည့်နည်းတူ ထိုသို့ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသောသူ အားလုံး၏ အဖလည်းဖြစ်၏။
အဂု ငါသည် သင်ရို့အား သမ္မာတရားကို ပြောဆိုသည့်အတွက် သင်ရို့၏ ရန်သူ ဖြစ်လီယာလား။
ထိုအချိန်၌ ဇာတိအားဖြင့် မွီးသောသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသားအား ညှည်းဆဲနှိပ်စက်ခ၏။ အဂုလည်း ထိုနည်းတူပင်ဖြစ်၏။
ထိုအခါ နဂါးသည် ထိုမိန်းမကို ဒေါသထွက်သဖြင့် သူမ၏ ကျန်ကြွင်းသော သားမြီးများတည်းဟူသော ဘုရားသခင်၏ ပညတ်တော်များကို နာခံလိုက်လျှောက်ပြီး ယေသျှု ဖော်ပြတော်မူသော သမ္မာတရားတော်ကို စွဲလမ်းသောသူရို့အား တိုက်ခိုက်ရန် ထွက်ခွာလားလေ၏။
သူသည် အာကာပြင်၏ ကြယ်တာယာသုံးပုံ တစ်ပုံကို မိမိ၏မတုံးဖြင့် ဆွဲငင်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ နဂါးကြီးသည် မွီးဖွားအံ့ဆဲဆဲဖြစ်သော မိန်းမ၏ရှိ့တွင် ရပ်လျက် မွီးဖွားသည်နှင့် တစ်ပြိုင်နက် သူမ၏သားငယ်ကို စားရန် စောင့်နိန်၏။