32 သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
ဘုရားသခင်သည် ပညတ်တရားကို မောသျှေအားဖြင့် ပီးတော်မူ၏။ သို့သော် ကျေးဇူးတော်နှင့် သစ္စာတော်မူကား ယေသျှုခရစ်တော်အားဖြင့် ရောက်လာ၏။
ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည်မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။
သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။
ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။
အကယ်၍ သင်ရို့အား သားတော်က လွတ်မြောက်ခွင့်ပီးလျှင် သင်ရို့သည် အမှန်ပင် လွတ်မြောက်ခြင်း ရကြလိမ့်မည်။
သို့သော်လည်း ယခုမူကား သင်ရို့သည် အပြစ်တရား၏လက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြပြီး၊ သန့်ယှင်းခြင်းသို့ ရောက်စီသည့် အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည်မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် “အဗ္ဗ၊ အကျွန်၏အဖ” ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။
အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။
အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၏ ခေါ်ယူတော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လွတ်လပ်သောသူဖြစ်၏။ ထိုနည်းတူ၊ လွတ်လပ်သောသူသည် ခရစ်တော်၏ ခေါ်ယူတော်မူခြင်းကို ခံရသောအခါ ခရစ်တော်၏ ကျွန်ဖြစ်လာ၏။
ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
ထိုမိန်းမရို့သည် အစဉ်မလတ် သင်ယူကြသော်လည်း သမ္မာတရားကို သိကျွမ်းခြင်းသို့ မရောက်နိုင်ကြပေ။
သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။
ထို့ကြောင့် လွတ်မြောက်ခွင့်ကို ပီးသော ပညတ်တရားအားဖြင့် စီရင်ခြင်းကို ခံရမည့်သူများကဲ့သို့ ပြောဆို၍ ကျင့်ကြံကြလော့။
လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။
အသက်ကြီးသောသူပါးမှ — စစ်မှန်သော မေတ္တာအားဖြင့် ငါရွီးကောက်ထားသော ဂုဏ်အသရေဟိ မိန်းမနှင့် သူမ၏သားသမီးများ ပါးသို့ စာရီးလိုက်ပါ၏။ သင်ရို့အား ငါတစ်ယောက်တည်း ချစ်သည်မဟုတ်ဘဲ သမ္မာတရားကိုသိသော သူရို့သည်လည်း သင်ရို့ကို ချစ်ကြ၏။