31 ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။
သို့သော်လည်း အဆုံးထိ အခိုင်အမာရပ်တည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။
ယေသျှုနှင့် တပည့်တော်ရို့ကိုလည်း ဖိတ်ကြ၏။
ငါ့အသားသည် စစ်မှန်သောစားစရာ ဖြစ်၏။ ငါ၏အသွီးသည်လည်း စစ်မှန်သော သောက်စာရာ ဖြစ်ပေ၏။
အကယ်၍ သင်ရို့အား သားတော်က လွတ်မြောက်ခွင့်ပီးလျှင် သင်ရို့သည် အမှန်ပင် လွတ်မြောက်ခြင်း ရကြလိမ့်မည်။
လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။
သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။
သို့ပင်သျှောင် ဘုရားသခင်၏ ကူညီမစခြင်းကို ခံရသောကြောင့် အကျွန်သည် ဤအရပ်၌ အသက်ကြီးသောသူနှင့် ငယ်ရွယ်သောသူ အားလုံးကို သက်သီခံရသော အခွင့်ကို ရဟိခြင်းဖြစ်ပါ၏။ အကျွန်၏ ဟောပြောချက်သည် ဖြစ်ပျက်လာမည့်အကြောင်းနှင့်ပက်သက်၍ မောသျှေနှင့် ပရောဖက်များ ဟောပြောခသည့် အတိုင်းပင်ဖြစ်၏။
ထို့ကြောင့် လဲသောသူရို့အား ပြင်းထန်စွာ စီရင်တော်မူတတ် သော်လည်း သင့်အား သနားတော်မူတတ်သောဘုရားသခင်၏ ပြင်းထန်သောစီရင်တော်မူခြင်းနှင့် သနားတော်မူခြင်းကို ဆင်ခြင်ထောက်ရှုလော့။ သင်သည် ကိုယ်တော်၌ ဆက်လက်၍ တည်နိန်လျှင် သနားတော်မူခြင်းကို ခံရလိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်သည်လည်း ခွတ်ပစ်ခြင်းကို ခံရလိမ့်မည်။
ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။
သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။
သို့ရာတွင် မိန်းမရို့သည် ဣန္ဒြေနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ယှင်းခြင်းပါရမီ၌ ကြိုးစားအားထုတ်လျှင် ထိုမိန်းမသည် သားသမီးများမွီးဖွားပီးခြင်းဖြင့် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်။
မိမိကိုယ်ကို လည်းကောင်း၊ မိမိ၏ဆုံးမဩဝါဒကို လည်းကောင်း သတိပြုလော့။ ထိုသို့ပြုလျှင် သင်သည် မိမိကိုလည်းကောင်း၊ မိမိ၏တရားကို ကြားနာကြသော သူအပေါင်းရို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။
သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊
ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။
ထိုပဋိညာဉ်တရားသည်ကား ငါသည် အဲဂုတ္တုပြည်မှ သူရို့ကို ခေါ်ဆောင်လာစဉ်က သူရို့၏အဖိုး အဖီးရို့နှင့် ပြုခသော ပဋိညာဉ်တရားနှင့် တူလိမ့်မည် မဟုတ်ပေ။ သူရို့သည် ထိုပဋိညာဉ်တရားကို ချိုးဖောက်ကြသည် ဖြစ်၍ ငါသည် သူရို့ကို ဂရုမစိုက်ဘဲ နိန်ခ၏။
သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။
ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။
ထို့ကြောင့် သင်ရို့သည် အစအဦးကပင် ကြားခရသည့် တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲတွင် ထိန်းသိမ်းထားကြလော့။ ထိုသို့ပြုလျှင် သင်ရို့သည် သားတော်နှင့် လည်းကောင်း၊ ခမည်းတော်နှင့် လည်းကောင်း အမြဲတမ်း တစ်လုံးတစ်ဝတည်း တည်ကြလိမ့်မည်။
ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကို လည်းကောင်း၊ သားတော်ကို လည်းကောင်း ရကြ၏။