27 ယေသျှုသည် ခမည်းတော်၏အကြောင်းကို ရည်မှတ်၍ မိန့်တော်မူသည်ကို သူရို့သည် မရိပ်မိကြ။
သင်ရို့အကြောင်းကို ငါပြောဆိုစရာ၊ အပြစ်စီရင်စရာများစွာ ဟိသိမ့်၏။ ငါ့ကို စီရွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ငါသည် ထိုအသျှင်ထံပါးက ကြားရသောအရာများကို ဤလောက၌ ငါဟောပြော၏” ဟု မိန့်တော်မူ၏။
ထို့နောက် ယေသျှုက “သင်ရို့သည် လူသားကို မြီကြီးမှ မြှောက်ထားသောအခါ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကိုလည်းကောင်း၊ ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဇာအမှုကိုမျှ မပြုဘဲ ခမည်းတော်က ငါ့ကို သွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်ကို သင်ရို့ သိကြလိမ့်မည်။
သင်ရို့သည် ငါ့စကားကို နားမလည်ကြခြင်းအကြောင်းမှာ ငါ၏တရားကို နာယူနိုင်စွမ်း မဟိသောကြောင့် ဖြစ်၏။
ဘုရားသခင်နှင့် စပ်ဆိုင်သူသည် ဘုရားသခင်၏စကားကို နားထောင်တတ်ကြ၏။ သင်ရို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သည့်အတွက် နားမထောင်ကြ” ဟု မိန့်တော်မူ၏။