Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 8:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 8:12
31 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။


ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။


ထို့ကြောင့် အလင်းဟိနိန်ခိုက်တွင် ထိုအလင်းကို ယုံကြည်ကြလော။ သို့မှသာ သင်ရို့သည် အလင်း၏သားသမီးတိ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် ထွက်ကြွ၍ ထိုသူရို့ကို တိမ်းယှောင်လျက်နိန်တော်မူ၏။


ငါ့ကို ယုံကြည်သောသူတိုင်းကို မှောင်မိုက်ထဲ၌ မကျန်ခစီရန်အတွက် ငါသည် အလင်းအဖြစ်ဖြင့် လောကကို ကြွလာပြီ။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။


ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။


ငါသည် ဤလောကတွင် ဟိနိန်စဉ် လောက၏ အလင်းဖြစ်၏” ဟု မိန့်တော်မူ၏။


သခင်ဘုရားက ငါရို့အား ပီးထားသော ပညတ်တရားမှာ၊ “ ‘ငါသည် သင်ရို့ကို တခြားသောလူမျိုးတိအတွက် အလင်း ဖြစ်စီခြင်းငှာ ခန့်ထားပြီးပြီ။ ထို့ကြောင့် လောကသားအားလုံး ကယ်တင်ခြင်းသို့ ရောက်စီခြင်းငှာ ဆောင်ရွက်ကြလော့’ ဟူ၍ ဖြစ်၏။”


ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။


ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။


အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့် ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။


သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။


သူရို့၏ ရှက်ဖွယ်ကောင်းသည့်အရာကို ရီမြှုပ်များကဲ့သို့ ပေါ်လွင်စီသည့် ကြမ်းတမ်းသော ပင်လယ် လှိုင်းတံပိုးများနှင့် တူကြ၏။ သူရို့သည် လမ်းကြောင်း အတည်တကျမဟိသည့် ကြယ်များနှင့်လည်း တူကြ၏။ သူရို့အတွက် ဘုရားသခင်သည် အမှောင်မိုက်ဆုံးဖြစ်သည့် အောက်အရပ်တွင် ထာဝရနီရာကို သတ်မှတ်၍ ထားတော်မူ၏။


သူရို့၌ ဟိထားသော အခွင့်အာဏာကို မထိန်းသိမ်းဘဲ နီရာအရပ်ကို စွန့်လားကြသည့် ကောင်းကင်တမန်တိအား ဘုရားသခင်သည် တရားစီရင်တော်မူရာ ကြီးစွာသောနိ့၌ သူရို့အား အပြစ်ဒဏ်ပီးရန် မှောင်မိုက်သော အောက်အရပ်တွင် ထာဝရ ချုပ်နှောင်ထားတော်မူ၏။


လူမျိုးတကာရို့သည် ထိုမြို့၏ အလင်းရောင်ကို အမှီပြု၍ လားလာကြလိမ့်မည်။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့သည်လည်း မိမိရို့၏ ဘုန်းစည်းစိမ်ဥစ္စာများကို ထိုမြို့သို့ ယူဆောင်လာကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ