Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 7:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 လောကီသားတိက သင်ရို့ကို မမုန်းနိုင်ကြ။ သို့သော် ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် သူရို့၏ မကောင်းသောအကျင့်များကို ထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 7:7
27 ပူးပေါင်းရင်းမြစ်များ  

“လူအပေါင်းရို့က သင့်ကို ချီးမွမ်းကြသောအခါ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ ထိုသို့အတိုင်းပင် သူရို့အဖိုးအဖီးတိကလည်း မိစ္ဆာပရောဖက်တိကို ချီးမွမ်းခကြ၏” ဟု မိန့်တော်မူ၏။


အကျွန်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သူရို့အား ဟောထားပြီးဖြစ်ပါ၏။ အကျွန်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ သူရို့သည်လည်း မဆက်ဆံကြသောကြောင့် လောကသားတိက သူရို့ကို မုန်းကြပါ၏။


တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။


မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။


အဂု ငါသည် သင်ရို့အား သမ္မာတရားကို ပြောဆိုသည့်အတွက် သင်ရို့၏ ရန်သူ ဖြစ်လီယာလား။


ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။


ထိုမှားယွင်းသော ပရောဖက်ရို့သည် လောကီနှင့်ဆိုင်သော သူများဖြစ်သောကြောင့် လောကီ အကြောင်းအရာများကိုသာ ပြောဆိုတတ်ကြ၏။ လောကီသားရို့သည်လည်း သူရို့၏ စကားကို နားထောင်တတ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ