Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 7:33 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

33 ယေသျှုက “ငါသည် သင်ရို့နှင့်အတူ အချိန်အနည်းချေမျှသာ နီပြီးလျှင်၊ ငါ့ကို စီရွှတ်တော်မူသော သူထံသို့ လားရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 7:33
16 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ တပည့်တော်ရို့အား မိန့်တော်မူပြီးသောအခါ အသျှင်ယေသျှုသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီး၊ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ထိုင်နိန်တော်မူ၏။


အဂုအခါကား ပသခါပွဲတော်မတိုင်ခင် တစ်ရက်ဖြစ်၏။ ယေသျှုသည် ဤလောကမှ ထွက်ခွါ၍ ခမည်းတော်ထံပါးသို့ ကြွတော်မူရမည့် အချိန်ကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ဟိသော မိမိလူတိကို အစဉ်အမြဲ ချစ်သောကြောင့် အဆုံးတိုင်အောင် သူရို့ကို ချစ်တော်မူ၏။


ခမည်းတော်သည် မိမိအား အလုံးစုံသောတန်ခိုး အပ်တော်မူထားသည်ကို လည်းကောင်း၊ မိမိသည် ဘုရားသခင်ထံပါးမှ ကြွလာ၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်ကြွလားမည်ကို လည်းကောင်း သိတော်မူ၏။


ချစ်သားရို့၊ ငါသည် သင်ရို့နှင့်အတူ ခဏသာ နီရ၏။ သင်ရို့ ငါ့ကို ရှာကြလိမ့်မည်။ ‘ငါလားမည့် နီရာသို့ သင်ရို့ မလိုက်နိုင်ကြ’ ဟု ယုဒအာဏာပိုင်တိကို ပြောခသည်အတိုင်း သင်ရို့ကိုလည်း အဂု ငါပြော၏။


ငါအမှန် ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုကို ပြုလိမ့်မည်။ ထိုမျှမက ထိုအမှုတိထက် ကြီးမြတ်သောအမှုတိကိုပင် ပြုလိမ့်မည်။ ဇာကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ လားရမည်။


ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။


‘ငါသည် အဂု လားသော်လည်း သင်ရို့ထံပါးသို့ ငါပြန်လာအုံးမည်’ ဟု ပြောခသည်ကို သင်ရို့ ကြားရကြပြီ။ ခမည်းတော်သည် ငါ့ထက် ကြီးမြတ်၏။ ထို့ကြောင့် သင်ရို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံပါးသို့ ငါလားသည်ကို ဝမ်းမြောက်ကြလိမ့်မည်။


ငါသည် ခမည်းတော်ထံသို့ လားမည်ဖြစ်၍ သင်ရို့သည် ငါ့ကို မမြင်ရသောကြောင့် ဖြောင့်မတ်ခြင်းတရားကို ဖော်ပြမည်။


ငါသည် ခမည်းတော်ထံပါးမှ ဤလောကသို့ ဆင်းလာခြင်းဖြစ်၏၊ ယခုအချိန်၌ ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံပါးသို့ ပြန်လားရမည်” ဟု ဆို၏။


သို့ရာတွင် အဂုအချိန်၌ ငါ့ကို စီရွှတ်လိုက်သောသူထံသို့ ငါလားရဖို့ယာ။ ‘ဇာနီရာသို့ လားပါမည်နည်း’ ဟု သင်ရို့ မည်သူတစ်ဦးတစ်ယောက်မျှ ငါ့ကို မမိန်းကြ။


အကျွန်သည် ကိုယ်တော်ထံသို့ လာနိန်ပြီဖြစ်သဖြင့် လောကထဲ၌ မဟိယာ။ သို့ရာတွင် သူရို့မူကား လောက၌ ကျန်နိန်ခကြ၏။ မြင့်မြတ်သန့်ယှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စီခြင်းငှာ အကျွန်အား စောင့်ရှောက်တော်မူသော ကိုယ်တော်၏နာမတော် တန်ခိုးဖြင့် သူရို့ကို စောင့်ရှောက်တော်မူပါ။


အဂုအချိန်၌ အကျွန်သည် ကိုယ်တော်ထံပါးသို့ လာနိန်ပြီဖြစ်၍ အကျွန်၏ဝမ်းမြောက်မှုသည် သူရို့၏ နှလုံးသားထဲ၌ အပြည့်အဝခံစားကြစီရန် အကျွန်သည် ဤလောက၌ ဟိနိန်စဉ် ဤအရာတိကို အကျွန် ပြောဆိုခပါ၏။


“ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။


ငါ့ကို စီရွှတ်တော်မူသော အသျှင်၏ အမှုတော်မြတ်ကို နိ့အချိန်ဟိစဉ် ငါရို့ လုပ်ဆောင်ရမည်။ တစ်ယောက်လည်း မလုပ်နိုင်သော ညဉ့်အချိန် ရောက်လာလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ