18 မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။
ထို့ကြောင့် သင်ရို့သည် ဇာပိုင် ဆုတောင်းရမည် ဆိုလျှင် “ ‘ကောင်းကင်ဘုံသျှင် အကျွန်ရို့၏အဖ၊ ကိုယ်တော်၏သန့်ယှင်းသောနာမတော်အား ရိုသီလေးမြတ်ခြင်း ဟိကြပါစီသောဝ်။
ထိုသတင်းကို ယေသျှုကြားတော်မူလျှင် “လာဇရု၏ ဖျားနာခြင်းသည် သီနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားရန် ဖြစ်၏။ ထိုဖျားနာခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းတော်ထင်ရှား လိမ့်မည်” ဟု မိန့်တော်မူ၏။
အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းထင်ရှားစီတော်မူပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ အသံတော်ကား “ငါ၏ ဘုန်းတော်ကို ငါ့နာမ၌ ထွန်းတောက်စီယာ။ နောက်တဖန်လည်း ထွန်းတောက်စီဦးမည်” ဟု လာ၏။
ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။
“ငါသည် လူတိ ချီးမွမ်းဂုဏ်ပြုခြင်းကို မရှာ။
ယေသျှုကလည်း “ငါသည် ကိုယ့်ကိုကိုယ် ချီးမြှောက်သည်ဆိုလျှင် ငါ၏ဘုန်းသည် အလာကားပင်ဖြစ်၏။ ငါ့ကို ချီမြှောက်သူကား ငါ့ခမည်းတော်ဖြစ်၏။ ထိုအသျှင်ကို သင်ရို့သည် ငါရို့၏ ဘုရားသခင် ဟု ဆိုတတ်ကြ၏။
ငါရို့သည် ခရစ်တော်၏ တမန်တော်တိအနေဖြင့် ဩဇာအာဏာကို အသုံးပြုနိုင်သော်လည်း သင်ရို့ပါးမှဖြစ်စီ၊ အခြားသူရို့ပါးမှဖြစ်စီ လူတိချီးမွမ်းခြင်းကို ခံရစီခြင်းငှာ မကြိုးစားခ။
ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။
ခရစ်တော်သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို သင်ရို့ သိကြ၏။