Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 7:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တစ်လျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 7:1
19 ပူးပေါင်းရင်းမြစ်များ  

မြို့တစ်မြို့၌ သင်ရို့ကို ညှည်းဆဲကြလျှင် တခြားမြို့ တစ်မြို့သို့ ထွက်ဗြီးကြလော့။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် ဣသရေလမြို့ရွာအားလုံး၌ သင်ရို့၏အလုပ် မပြီးစီးခင် လူသားသည် ကြွလာလိမ့်မည်။


သို့ရာတွင် သီးစားအငှားသားတိက သူ၏သားကို မြင်သောအခါ ‘ဤသူသည် ခြံပိုင်သျှင်သား ဖြစ်တေ၊ လာကတ်၊ သူ့ကို သတ်ပြီးကေ သူ့အမွီကို ငါရို့ ယူကတ်မေ’


ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့သည် ထိုစကားကို ကြားကြလျှင် ယေသျှုကို သတ်ခြင်းငှာ နည်းလမ်းရှာကြ၏။ သို့ရာတွင် လူအပေါင်းရို့သည် ကိုယ်တော်၏သွန်သင်မူကို လွန်စွာအံ့သြလျက် ဟိကြသောကြောင့် ထိုသူရို့သည် ကိုယ်တော်အား ကြောက်ကြ၏။


ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊


ယေသျှုသည် ကြားတော်မူလျှင် ယုဒပြည်မှထွက်၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏၊


ဤသည်ကား ယေသျှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြုသော အံ့ဖွယ်နိမိတ်လက္ခဏာပင် ဖြစ်သတည်း။


ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုကလည်း ဂါလိလဲအိုင် (တိဗေရိအိုင်ဟု လည်းခေါ်ကြ၏) ကို ဖြတ်ကူးတော်မူ၏။


ယုဒအာဏာပိုင်ရို့သည် ထိုပွဲ၌ ကိုယ်တော့်ကို ရှာလျက် “ထိုသူကား ဇာမှာနည်း” ဟု မိန်းမြန်းကြ၏။


သို့ပင်သျှောင် လူတိက ယုဒအာဏာပိုင်တိကို ကြောက်လန့်ကြသဖြင့် ကိုယ်တော့်အကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။


မောသျှေသည် သင်ရို့အား ပညတ်တရားကို ပီးခသည်မဟုတ်လော။ သို့သော်လည်း သင်ရို့တစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်လျှောက်ကြ။ သင်ရို့သည် ငါ့ကို ဇာကြောင့် သတ်ခြင်းငှာ ကြိုးစားနိန်ကြသနည်း” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရုဆလင်မြို့မှ လူတချို့က “ဤသူကို အာဏာပိုင်တိက သတ်ရန် ရှာနိန်ကြသည် မဟုတ်လော။


ယုဒအာဏာပိုင်ရို့က “ငါရို့ကို မတွိ့စီခြင်းငှာ ဤသူသည် ဇာအရပ်သို့ လားမည်နည်း။ ဤသူသည် ဟေလသမြို့များ၌ ကွဲလွင့်လျက်ဟိသော ငါရို့လူမျိုးပါးသို့ လားပြီး ဟေလသလူမျိုးရို့ကို ဩဝါဒပီး မည်လော။


သင်ရို့သည် အာဗြဟံ၏အမျိုးဖြစ်ကြောင်း ငါသိ၏။ သို့သော်လည်း သင်ရို့သည် ငါ၏သွန်သင်ချက်ကို လက်ခံလိမ့်မည် မဟုတ်သောကြောင့် ငါ့အား သတ်ရန် ကြိုးစားကြ၏။


ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။


နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ