ယောဟန် 6:61 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား61 ထိုသို့ တပည့်တော်တိ ပြောဆိုကြသည်ကို ယေသျှုသည် သိတော်မူသဖြင့် “ဤစကားကြောင့် သင်ရို့ ညည်းညူလျက် နိန်ကြသလော။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း ငါရို့သည် အခွန်ကောက်သောသူရို့ကို စော်ကားပြစ်မှားခြင်းငှာ အလိုမဟိ။ ထို့ကြောင့် အိုင်သို့ လား၍ ငါးမျှားခီ။ သင်သည် ပထမဆုံး မျှားလို့ရသည့်ငါးကို ဆွဲတင်၍ ထိုငါး၏ ပါးစပ်ကို ဖွင့်လိုက်လျှင် ငါနှင့် သင်ရို့၏ ဗိမာန်တော်အခွန်အတွက် လုံလောက်သော ဒင်္ဂါးတစ်ပြားကို တွိ့လိမ့်မည်။ ထိုဒင်္ဂါးကို ယူ၍ ငါ့ရို့အတွက် အခွန်ကို သူရို့အား ပီးလိုက်ကြ” ဟု မိန့်တော်မူ၏။
ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။ ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော်အား “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။