59 ယေသျှုသည် ကပေရနောင်မြို့၌ဟိသော တရားဇရပ်တွင် ဟောပြောသွန်သင်စဉ် ဤဩဝါဒများကို ပီးတော်မူ၏။
ယေသျှုသည် ဂါလိလဲပြည်တစ်ခုလုံးသို့ ကြွတော်မူပြီးလျှင် တရားဇရပ်များ၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားတော်မူလျက်၊ မကျန်းမာသူများကို ကျန်းမာစီ၏။ ရောဂါအမျိုးမျိုးကို ခံစားနိန်ကြရသော လူတိကိုလည်း ရောဂါပျောက်ကင်းစီတော်မူ၏။
ထို့နောက် ယေသျှုသည် ဂါလိလဲပြည်၊ ကပေရေနောင်မြို့သို့ ရောက်သောအခါ ဥပုသ်နိ့၌ လူတိကို ဟောပြောသွန်သင်တော်မူ၏။
ယေသျှုက “ငါသည် လောကလူအပေါင်းရို့ ရှိ့တွင် ထင်ရှားစွာ ဟောပြောခ၏။ ယုဒလူတိ စုဝေးကြသော ဗိမာန်တော်၌ သို့မဟုတ် တရားဇရပ်များ၌ အစဉ်မပြတ် ဟောပြောသွန်သင်ခ၏။
လောင်းထက်သို့ တက်ကြပြီးလျှင် အိုင်ကိုဖြတ်၍ ကပေရနောင်မြို့သို့ ပြန်လားကြ၏။ ညအချိန် ရောက်လာသော်လည်း ယေသျှုသည် တပည့်တော်ရို့ပါးသို့ မကြွလာသိမ့်။
လူအစုအဝေးရို့သည် ထိုအရပ်၌ ယေသျှုနှင့် တပည့်တော်တိကို မတွိ့ကြသောအခါ ထိုလောင်းများထက်၌ တက်၍ ကိုယ်တော့်ကို ရှာခြင်းငှာ ကပေရနောင်မြို့သို့ လားကြ၏။