47 သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
ငါ့ကို ယုံကြည်ပြီး အသက်ရှင်နိန်သည့် လူတိလည်း သီခြင်းတရားနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါစကားကို ယုံသလော” ဟု မိန်းတော်မူ၏။
ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
“ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။
ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်” ဟု မိန့်တော်မူ၏။
သို့သော် ကောင်းကင်ဘုံမှ ဆင်းသက်လာသောမုန့်ကို စားသောသူမည်သည်ကား သီဆုံးရလိမ့်မည်မဟုတ်။
ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။
ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုးမဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။