46 ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။
“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။
“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။
ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။
အဂု သင်ရို့သည် ငါ့ကိုသိလျှင်၊ ငါ့ခမည်းတော်ကိုလည်း သိကြမည်၊ အဂုမှစပြီး ခမည်းတော်ကို သင်ရို့သည် သိမြင်ကြ၏” ဟု ထိုသူအား မိန့်တော်မူ၏။
ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည်မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။
ထို့ကြောင့် ငါ့ကို စီရွှတ်သောခမည်းတော်ကိုယ်တိုင် ငါ၏အကြောင်းကို သက်သီခံတော်မူ၏။ သင်ရို့သည် ခမည်းတော်၏ အသံတော်ကို ဇာခါမျှ မကြားဖူး၊ မျက်နှာတော်ကိုလည်း မမြင်ဖူး။
သို့ရာတွင် ငါမူကား ထိုအသျှင်ထံပါးမှ လာ၍ ထိုအသျှင်သည် ငါ့ကို စီရွှတ်တော်မူသောကြောင့် ငါသည် ထိုအသျှင်ကို သိ၏” ဟု ကျယ်သောအသံဖြင့် မိန့်တော်မူ၏။
ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။
ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။
ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။
ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။
မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။