ယောဟန် 6:45 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား45 ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ဘုရားသခင်သည် သူရို့ကို မျက်နှာလွှဲတော်မူ၍ ကောင်းကင်မှ ကြယ်တိကို ကိုးကွယ်စီရန် စွန့်ပစ်ထားတော်မူ၏။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ပရောဖက်ကျမ်းစာ၌ ရီးသားထားသည်ကား၊ “ ‘ဣသရေလအမျိုးရို့၊ သင်ရို့သည် တောကန္တာရ၌၊ အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်တိကို သတ်၍ ပူဇော်ခကြ၏။ ထိုပူဇော်ခြင်းသည်ကား ငါ့ကို ပူဇော်သည်မဟုတ်။
သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။