44 ခမည်းတော်သည် လူတိကို ငါ့ထံသို့ မပို့ဆောင်လျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်။ ငါသည်လည်း ထိုသူရို့အား နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီမည်။
မြွီဆိုးအမျိုးရို့၊ သင်ရို့ကဲ့သို့ လူဆိုးလူယုတ်တိ၏နှုတ်ထဲက ကောင်းသောစကားတိ ဇာပိုင် ထွက်လာနိုင်ဖို့လဲ။ စိတ်နှလုံးထဲ၌ ပြည့်လျှံလာသောကြောင့် နှုတ်မှ ထွက်လာခြင်းဖြစ်၏။
ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့်မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”
ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။
သင်ရို့သည် အချင်းချင်းပီးသော ချီးမြှောက်ခြင်းကို ခံလိုကြ၏။ သို့သော် တစ်ဆူတည်းဟိတော်မူသော သင်ရို့၏ ဘုရားသခင်ထံပါးမှ ချီးမြှောက်ခြင်းကိုမူ ရဟိခြင်းငှာ မကြိုးစားကြ။ သို့ဖြစ်၍ သင်ရို့သည် ငါ့ကို ဇာပိုင် ယုံကြည်နိုင်မည်နည်း။
ထိုအခါ ယေသျှုက “သင်ရို့ အချင်းချင်း ညည်းညူမနိန်ကတ်ကေ့။
ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။
တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။
သင်ရို့သည် ငါ့စကားကို နားမလည်ကြခြင်းအကြောင်းမှာ ငါ၏တရားကို နာယူနိုင်စွမ်း မဟိသောကြောင့် ဖြစ်၏။
သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။
အကြောင်းမူကား သင်ရို့သည် ဗတ္တိဇံကို ခံယူကြသောအခါ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ ခရစ်တော်ကို သီခြင်းတရားမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်လျက် ဗတ္တိဇံခံခြင်းအားဖြင့် သင်ရို့သည်လည်း ထိုအသျှင်နှင့်အတူ ထမြောက်ခြင်းကို ခံရကြ၏။