41 ထိုအခါ ယုဒလူရို့သည် ကိုယ်တော်အား ညည်းညူကြ၏။ အကြောင်းမူကား ကိုယ်တော်က၊ “ငါသည် ကောင်းကင်မှ ဆင်းကြွလာသော မုန့်ဖြစ်သည်” ဟု ဆိုသောကြောင့်ဖြစ်၏။
ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က “ဤသူသည် အပြစ်သားတိကို လက်ခံပြီးလျှင် သူရို့တိနှင့်အတူ စားသောက် နိန်ပါသည်တကား” ဟု စတင်၍ ညည်းတွားပြောဆိုကြ၏။
ဤအခြင်းအရာကို လူတိက မြင်သောအခါ “ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား” ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။
တချို့သော ဖာရိယှဲနှင့် သူရို့၏ ကျမ်းတတ်ဆရာတချို့က “ဇာဖြစ်လို့ သင်ရို့သည် အခွန်ခံတိ၊ အခြားအပယ်ခံသူရို့တိနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်ရို့အား ကဲ့ရဲ့ပြစ်တင်ကြ၏။
ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊
ဘုရားသခင် ပီးတော်မူသော ထိုမုန့်ကား ကောင်းကင်ဘုံမှ ဆင်းသက်၍ ဤလောကီသားအား အသက်ကို ပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုအခါ ယေသျှုက “သင်ရို့ အချင်းချင်း ညည်းညူမနိန်ကတ်ကေ့။
ငါသည် အသက်မုန့်ဖြစ်၏။
ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုးမဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသွန်သင်ချက်များကို ကိုယ်တော်၏ တပည့်တော်ရို့သည် ကြားကြလျှင် “ဤသွန်သင်ချက်ရို့သည် ခက်ခဲလွန်းသောကြောင့် ဇာသူ လိုက်နာနိုင်ပါမည်နည်း” ဟု ပြောဆိုကြ၏။
ထိုအချိန်မှ စ၍ များစွာသော ယေသျှု၏ နောက်လိုက်ရို့သည် အထံတော်ပါးမှ ဆုတ်ခွါလားကြပြီး ထပ်၍တစ်ကြိမ်တစ်ခါမျှ မလိုက်ကတ်လီယာ။
လူအစုအဝေးကလည်း ကိုယ်တော်အကြောင်းကို များစွာ တီးတိုးပြောဆိုနိန်ကြ၏။ တချို့လူရို့က “ထိုသူသည် သူတော်ကောင်းဖြစ်၏” ဟူ၍လည်းကောင်း၊ တခြားသောလူတိကလည်း “သူတော်ကောင်းမဟုတ်၊ လူတိကို မှောက်မှားစီသော သူသာဖြစ်၏” ဟူ၍ လည်းကောင်း ဆိုကြ၏။
သင်ရို့သည် အချို့သော ထိုသူရို့ကဲ့သို့ မငြီးတွားကတ်ကေ့။ သူရို့သည် သီမင်းတမန်၏ လက်ချက်ဖြင့် ဆုံးပါးပျက်စီးရကြ၏။
ဤလူအပေါင်းရို့သည် အစဉ်မလပ် ညည်းတွားတတ်သောသူ၊ သူတစ်ပါးအား အပြစ်တင်တတ်သောသူတိ ဖြစ်ကြပြီး၊ မိမိရို့ ဆိုးညစ်သော စိတ်ဆန္ဒအတိုင်း လျှောက်လှမ်း တတ်ကြ၏။ မိမိရို့အကြောင်းကိုလည်း ကြွားဝါတတ်ကြပြီး မိမိကိုယ်ကျိုးအတွက် သူတစ်ပါးရို့အား မြှောက်ပင့်ပြောဆို တတ်ကြ၏။