Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 6:37 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

37 ငါ၏ခမည်းတော်က ငါ့အား ပီးတော်မူသော သူတိုင်းသည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါသည်လည်း ငါ့ပါးသို့ လာသောသူကို ကြောခိုင်း၍မထား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 6:37
30 ပူးပေါင်းရင်းမြစ်များ  

“လေးသောဝန်ကို ထမ်း၍ ပင်ပန်းနိန်ကြသော သူအပေါင်းရို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်ရို့ကို ချမ်းသာပီးမည်။


အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


အကျွန်သည် ကိုယ်တော်ထံသို့ လာနိန်ပြီဖြစ်သဖြင့် လောကထဲ၌ မဟိယာ။ သို့ရာတွင် သူရို့မူကား လောက၌ ကျန်နိန်ခကြ၏။ မြင့်မြတ်သန့်ယှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စီခြင်းငှာ အကျွန်အား စောင့်ရှောက်တော်မူသော ကိုယ်တော်၏နာမတော် တန်ခိုးဖြင့် သူရို့ကို စောင့်ရှောက်တော်မူပါ။


အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


“ဤလောကထဲမှ အကျွန်အား ပီးတော်မူသောသူရို့အား ကိုယ်တော့်ကို သိမြင်စီခြင်းငှာ အကျွန်သည် ဖော်ပြပြီးဖြစ်ပါ၏။ ကိုယ်တော် ပိုင်တော်မူသော သူရို့ကို အကျွန်အား ပီးထားသည်ဖြစ်၍ သူရို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံကြပြီးဖြစ်ပါ၏။


ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုတော်ကား၊ ငါ့အား ထိုအသျှင် ပီးအပ်ထားသော သူအပေါင်းရို့သည် ဆုံးယှုံးခြင်းသို့ မရောက်စီဘဲ နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီခြင်းငှာ ဖြစ်၏။


တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။


ထိုသူရို့ကလည်း “သင်သည် မွီးရာပါအပြစ်နှင့် ကြီးပြင်းလာသူ ဖြစ်လျက်ပင် — ငါရို့ကို ဆုံးမခြင်းငှာ ကြိုးစားနိန်ပါသည်တကား” ဟု ဆို၍ တရားဇရပ်မှ နှင်ထုတ်ကြ၏။


အပြစ်လုပ်ခြင်းကို ထင်ရှားစီခြင်းငှာ ပညတ်တရားသည် ဝင်ရောက်လာရ၏။ သို့ရာတွင် အပြစ်တရား ထင်ရှားသောအရာ၌ ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ထင်ရှားလာ၏။


သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။


သို့ရာတွင် ဘုရားသခင်သည် ငါ့အား သနားကရုဏာထားတော်မူ၏။ အကြောင်းမူကား နောင်အခါ၌ ခရစ်တော်ယေသျှုကို ယုံကြည်၍ ထာဝရအသက်ရကြမည့်သူ အားလုံးကို မိမိ၏ပြီးပြည့်စုံသော သည်းခံတော်မူခြင်းကို ဖော်ပြခြင်းငှာ အပြစ်သားထဲတွင် အဆိုးဆုံးဖြစ်သော ငါ့အား စံပြတစ်ယောက်အဖြစ်ဖြင့် ထိုသို့ သနားကရုဏာ ထားတော်မူခြင်းဖြစ်၏။


သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။


ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။


ထို့ကြောင့် ယခုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။


ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။


ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ