35 ယေသျှုကလည်း ထိုသူရို့အား “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဇာခါမျှ ဆာမွတ်လိမ့်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည် တဖန် ဇာခါမျှ ရီငတ်လိမ့်မည်မဟုတ်။
“လေးသောဝန်ကို ထမ်း၍ ပင်ပန်းနိန်ကြသော သူအပေါင်းရို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်ရို့ကို ချမ်းသာပီးမည်။
“အဂု ဝစွာစားရသောသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊ အကြောင်းမူကား သင်ရို့သည် ဆာမွတ်ရလိမ့်မည်။ အဂု ရယ်မောရသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊” အကြောင်းမူကား သင်ရို့သည် ငြီးတွားငိုကြွီးရလိမ့်မည်။
ထိုမိန်းမကလည်း “အသျှင်၊ ထိုရီကို အကျွန်အား ပီးပါ။ ထိုမှသာ အကျွန်သည် ရီမွတ်ခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် အကျွန်သည် ဤနီရာသို့ လာ၍ ရီခပ်နိန်ရမည်” ဟု ဆို၏။
သို့သော် သင်ရို့သည် အသက်ကို ရအံ့သောငှာ ငါ့ထံပါးသို့ မလာလိုကြပေ။
ငါ၏ခမည်းတော်က ငါ့အား ပီးတော်မူသော သူတိုင်းသည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါသည်လည်း ငါ့ပါးသို့ လာသောသူကို ကြောခိုင်း၍မထား။
ထိုအခါ ယုဒလူရို့သည် ကိုယ်တော်အား ညည်းညူကြ၏။ အကြောင်းမူကား ကိုယ်တော်က၊ “ငါသည် ကောင်းကင်မှ ဆင်းကြွလာသော မုန့်ဖြစ်သည်” ဟု ဆိုသောကြောင့်ဖြစ်၏။
တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။
သူရို့သည် နောက်တဖန် အစာရီစာ မငတ်မွတ်ရ။ နီရောင်ခြည်သည် လည်းကောင်း၊ ပြင်းထန်သော အပူဟိန်သည် လည်းကောင်း သူရို့အထက်သို့ မကျရောက်ရ။