ယောဟန် 6:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား27 ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
“အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။
အာဗြဟံသည် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူခ၏။ ထို့ကြောင့် အရီဖျားလှီးခြင်းသည်ကား ယုံကြည်ခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်၏။ ထို့အပြင် အာဗြဟံသည် အရီဖျားလှီးခြင်းမခံယူဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သောသူ ဖြစ်လာသောသူအားလုံး၏ဖခင် ဖြစ်လေ၏။
“အစားအစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစားအစာအတွက်ဖြစ်၏” ဟု သင်ရို့ ဆိုလိမ့်မည်။ ထိုစကားသည် မှန်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ထိုနှစ်ခုလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသောမေထုန် လိုက်စားခြင်းငှာ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ ဖြစ်၏။ သခင်ဘုရားသည်လည်း ခန္ဓာကိုယ်အဖို့ ထောက်ပံ့တော်မူ၏။