Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 6:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 ယေသျှုပြုတော်မူသော နိမိတ်လက္ခဏာကို မြင်သောသူအပေါင်းရို့က “ဤသူသည် ဤလောကသို့ ကြွလာသော စစ်မှန်သော ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 6:14
18 ပူးပေါင်းရင်းမြစ်များ  

သူရို့က “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ဟောထားသော ကြွလာတော်မူမည့် အသျှင်ဟုတ်ပါလား၊ ထိုသို့မဟုတ်လျှင် အကျွန်ရို့သည် နောက်တစ်ပါးကို စောင့်နိန်ရပါဖို့သိမ့်လား၊ အကျွန်ရို့ကို ပြောပါ” ဟု ယေသျှုအား မိန်းကြ၏။


လူအုပ်ကြီးက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့သား ပရောဖက် ယေသျှု ဖြစ်၏” ဟု ပြောကြ၏။


ကိုယ်တော်က “ဇာအမှုအရာတိလဲ” ဟု မိန်းတော်မူလျှင်၊ သူရို့က “နာဇရက်မြို့သား ယေသျှုနှင့် ပတ်သတ်သော အကြောင်းအရာများပင် ဖြစ်ပါ၏။ ထိုသူစွာ ဘုရားသခင်ရှိ့၊ လူအပေါင်းရို့ရှိ့၌ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်တစ်ပါးဖြစ်၏။


လူအပေါင်းရို့သည် ကြောက်ရွံ့လျက် ဘုရားသခင်ကို ချီးမွမ်းကြ၏။ သူရို့က “ငါရို့ထဲ၌ ပရောဖက်ကြီးတစ်ပါး ပေါ်ထွန်းယာ၊ ဘုရားသခင်သည် သူ့လူတိကို ကယ်တင်ဖို့ ကြွလာတော်မူယာ” ဟု ပြောဆိုကြ၏။


ထိုသူရို့ကလည်း “ထိုသို့ဆိုလျှင် သင်ကား ဇာသူနည်း။ ဧလိယ ဖြစ်သလော” ဟု မိန်းလျှင်၊ ယောဟန်က၊ “ငါသည် ဧလိယ မဟုတ်” ဟု ဆို၏။ တဖန် သူရို့က “သင်သည် ပရောဖက်တစ်ပါး ဖြစ်သလော” ဟု မိန်းပြန်၏။ ယောဟန်ကလည်း “မဟုတ်” ဟု ဆို၏။


မာသက၊ “ယုံပါ၏ အသျှင်။ အသျှင်သည် ဤလောကသို့ ကြွလာသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူကြောင်းကို အကျွန် ယုံပါ၏” ဟု လျှောက်၏။


ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော်အား ယုံကြည်ကြ၏။


ထိုမိန်းမက “အသျှင်၊ သင်သည် ပရောဖက်တစ်ပါးဖြစ်သည်ကို အကျွန် သိမြင်ပါ၏။


ထိုမိန်းမကလည်း “မေသျှိယ ကြွလာမည်ကို အကျွန် သိပါ၏။ ထိုအသျှင်ကြွလာသောအခါ အရာခမ်းသိမ်းကို အကျွန်ရို့အား ဖွင့်ပြလိမ့်မည်” ဟု လျှောက်လေ၏။


ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့်မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။


ကြီးစွာသော လူအစုအဝေးရို့သည် နောက်တော်သို့ လိုက်လာကြ၏။ အကြောင်းမူကား သူရို့သည် မကျန်းမာသောသူရို့၌ ကျန်းမာစီခြင်းငှာ ကိုယ်တော်ပြုခသော နိမိတ်လက္ခဏာများကို တွိ့မြင်ခသောကြောင့်ဖြစ်၏။


ယေသျှုလည်း “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ငါ့ကို ရှာကြသည်မှာ ငါပြသော နိမိတ်လက္ခဏာများကို နားလည်၍မဟုတ်ဘဲ သင်ရို့လိုသမျှသော အစားအစာကို ဝစွာစားရသောကြောင့်ဖြစ်၏။


သူရို့ကလည်း “အကျွန်ရို့သည် ကိုယ့်မျက်စိနှင့် မြင်၍ ကိုယ်တော်အား ယုံကြည်နိုင်စီခြင်းငှာ ဇာနိမိတ်လက္ခဏာကို ပြပါမည်နည်း။ ဇာအမှုကို ကိုယ်တော်သည် ပြုပါမည်နည်း။


လူအစုအဝေးထဲမှ လူတချို့သည် ကိုယ်တော်၏ စကားတော်ကိုကြားကြလျှင် “ဤသူသည် အမှန်စင်စစ် ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။


မောသျှေသည် ဣသရေလ လူမျိုးရို့အား ‘ဘုရားသခင်သည် သင်ရို့ထံသို့ ငါ့ကို စီရွှတ်သကဲ့သို့ ပရောဖက်တစ်ပါးကို စီရွှတ်တော်မူလိမ့်မည်၊ ထိုသူသည် သင်ရို့ လူမျိုးထဲကတစ်ယောက် ဖြစ်လိမ့်မည်’ ဟု ပြောကြားခသူတစ်ယောက်ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ