1 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုကလည်း ဂါလိလဲအိုင် (တိဗေရိအိုင်ဟု လည်းခေါ်ကြ၏) ကို ဖြတ်ကူးတော်မူ၏။
ယေသျှုသည် ထိုအရပ်မှ ထွက်၍ ဂါလိလဲအိုင်နားတစ်လျှောက် ကြွတော်မူ၏။ ကိုယ်တော်သည် တောင်ကုန်းထက်သို့ တက်၍ ထိုင်တော်မူ၏။
ယေသျှုသည် ဂါလိလဲအိုင်ကမ်းနား၌ ကြွတော်မူစဉ် တံငါညီအစ်ကို နှစ်ယောက်ဖြစ်သော သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေရို့သည် ပိုက်တစ်လက်ဖြင့် အိုင်ထဲမှာ ငါးဖမ်းနိန်သည်ကို တွိ့တော်မူ၏။
တစ်နိ့၌ ယေသျှုသည် ဂင်္နေသရက်အိုင်ကမ်းခြီတွင် ရပ်နိန်တော်မူစဉ် လူတိက ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာခြင်းငှာ ကိုယ်တော်ထံပါးသို့ တိုးဝင်လာကြ၏။
ထိုသို့ ဖြစ်ပျက်ပြီးနောက် ယေသျှုသည် တပည့်တော်တိအား တိဗေရိအိုင်တွင် နောက်တဖန် ကိုယ်ထင်ပြတော်မူခ၏။ ပြတော်မူသည်မှာ ဤသို့ဖြစ်၏။
သို့ရာတွင် တိဗေရိမြို့မှလာသော လောင်းအချို့ကား သခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့ကို ကျွေးခသော အရပ်နားသို့ ရောက်လာကြ၏။
ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တစ်လျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။
ထိုသူရို့က “သင်က ဇာပိုင် မျက်စိမြင်လာသနည်း” ဟု မိန်းကြ၏။