26 အကြောင်းမူကား ခမည်းတော် ကိုယ်တိုင် အသက်၏ အရင်းအမြစ် ဖြစ်သကဲ့သို့ သားတော်ကိုလည်း ထိုသို့ ဖြစ်စီခြင်းငှာ အခွင့်ပီးတော်မူ၏။
ထိုနှုတ်ကပတ်တော်သည် အသက်၏ အရင်းအမြစ်ဖြစ်၏။ ထို အသက်သည်ကား လူသားရို့အဖို့ အလင်းကို ယူဆောင်လာ၏။
ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏” ဟု မိန့်တော်မူ၏။
ယေသျှုကလည်း “ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။
ငါ့ကို ယုံကြည်ပြီး အသက်ရှင်နိန်သည့် လူတိလည်း သီခြင်းတရားနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါစကားကို ယုံသလော” ဟု မိန်းတော်မူ၏။
ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။
ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ယေသျှုကလည်း “ဘုရားသခင်ပီးသော အရာတိကို လည်းကောင်း၊ သင့်ပါးမှ ရီသောက်ဖို့ တောင်းသောသူကို လည်းကောင်း သိလျှင် သင်သည် ထိုသူပါးက တောင်းလိမ့်မည်၊ ထိုသူလည်း သင့်ကို အသက်ရီကို ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ထိုဘုရားသခင်သည် လူတိအား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတိကို ပီးတော်မူသော အသျှင်ဖြစ်သောကြောင့် ကိုယ်တော်သည် လူသားတိက ဆောင်ရွက်ပီးသော မည်သည့် အထောက်အပံ့ကိုမျှ မလိုအပ်ပေ။
ကျမ်းစာလာသည်ကား “ပထမလူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်လာ၏” ဟု လာ၏။ နောက်ဆုံးဖြစ်သော အာဒံသည်ကား အသက်ရှင်စီတတ်သော ဝိညာဉ်ဖြစ်၏။
ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။
ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။
သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။
ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။
ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။
အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။