ယောဟန် 5:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား17 ယေသျှုကလည်း “ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင်သည် အာကာပြင်မှ မိုးရီကို ရွာသွန်းကာ အချိန်တန်လျှင် သင်ရို့အား ကောက်ပဲသီးနှံများကို ပီးလျက်၊ အစားအစာများကို ကျွေးမွေးတော်မူ၏။ ထို့ကြောင့် သင်ရို့၏နှလုံးသည် ရွှင်လန်းဝမ်းမြောက်မှုနှင့် ပြည့်စုံလျက်ဟိကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းသောအမှုအရာတိကို ပြုတော်မူလျက် မိမိဟိတော်မူကြောင်းကို အစဉ်အမြဲ ထင်ရှားစွာ ပြတော်မူ၏” ဟု ဆို၏။
အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။
ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။