13 သို့ရာတွင် ထိုကျန်းမာလာသောသူသည် မိမိအား စီခိုင်းသောသူသည် ယေသျှုဖြစ်သည်ကို မသိပေ။ အကြောင်းမူကား ထိုနီရာ၌ လူများ၍ ယေသျှုသည်လည်း အဝီးသို့ မထင်မရှား ကြွလားတော်မူသောကြောင့် ဖြစ်၏။
ထိုအခါ သူရို့၏မျက်စိအမြင်သည် ပွင့်လာပြီးလျှင် ကိုယ်တော်မှန်းသိကြသော်လည်း ကိုယ်တော်သည် သူရို့ရှိ့မှ ကွယ်ပျောက်လေ၏။
သို့ရာတွင် ကိုယ်တော်သည် ပရိသတ်အလယ်မှ လျှောက်၍ ကြွလားတော်မူ၏။
ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။
ထိုအခါ သူရို့သည် “သင့်ကို ဤပိုင် လုပ်ခိုင်းသောသူကား ဇာသူနည်း” ဟု ထိုသူအား မိန်းလေ၏။
ထို့နောက်မှ ယေသျှုသည် ထိုသူအား ဗိမာန်တော်၌ တွိ့လျှင် “နားထောင်၊ အဂု သင် နီကောင်းယာ။ ထို့ကြောင့် ဒုစရိုက်အပြစ်ပြုခြင်းကို ရပ်တန့်လော့၊ ထိုသို့ မဟုတ်လျှင် ဤထက်ဆိုးသော အရာတိ သင်၌ ဖြစ်လာလိမ့်မည်” ဟု မိန့်တော်မူလေ၏။
ထိုအခါ သူရို့သည် ကိုယ်တော့်အား ပစ်ရန် ကျောက်ခဲများကို ကောက်ယူကြ၏။ သို့သော်လည်း ယေသျှုသည် တိမ်းယှောင်၍ ဗိမာန်တော်မှ ထွက်လားတော်မူ၏။