Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 5:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ကျန်းမာလားသောသူအား “ဤနိ့သည် ဥပုသ်နိ့ဖြစ်သောကြောင့် သင်၏ဖျာကို သယ်ယူခြင်းသည် ငါရို့၏ ပညတ်ကို ဆန့်ကျင်ခြင်းဖြစ်၏” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 5:10
19 ပူးပေါင်းရင်းမြစ်များ  

ထိုနီရာ၌ လက်တစ်ဖက်သီနိန်သော လူတစ်ယောက်ဟိ၏။ ယေသျှုကို အမှားရှာ၍ အပြစ်တင်စွပ်စွဲလိုသော လူအချို့သည်လည်း ထိုနီရာ၌ ဟိနိန်ကြ၏၊ ထို့ကြောင့် ထိုသူရို့က “ဥပုသ်နိ့မှာ အနာရောဂါပျောက်စီခြင်းသည် ငါရို့၏ ပညတ်တရားကို ဆန့်ကျင်သည်မဟုတ်ပါလား” ဟု မိန်းကြ၏။


ထိုအခါ ဖာရိယှဲရို့က “ကြည့်ပါ၊ ငါရို့၏ပညတ်ကျမ်းအရ ဥပုသ်နိ့၌ မပြုအပ်သောအမှုတိကို သူရို့က ဇာကြောင့် ပြုကြသနည်း” ဟု ကိုယ်တော်အား မိန်းလျှောက်ကြ၏။


ထို့နောက် ကိုယ်တော်က လူရို့အား “ငါရို့ပညတ်ကျမ်းအရ ဥပုသ်နိ့၌ ကောင်းသောအရာကို ပြုသင့်သလော၊ သို့မဟုတ် ဆိုးသောအရာကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော၊ သို့မဟုတ် သတ်သင့်သလော” ဟု မိန်းတော်မူလျှင်၊ လူရို့သည် တိန်းနိန်ကြ၏။


ထိုသို့ ဥပုသ်နိ့၌ ယေသျှုသည် အနာရောဂါကို ပျောက်ကင်းစီတော်မူ၍ တရားဇရပ်မှူးသည် စိတ်ဆိုးသဖြင့် “အလုပ်လုပ်ရသောရက် ခြောက်ရက်ဟိ၏။ ထိုနိ့တိ၌ လာပြီး ရောဂါပျောက်ကင်းခြင်း ကျေးဇူးကို ခံယူကတ်ပါ။ ဥပုသ်နိ့၌ကား မလုပ်ကတ်ပါကေ့” ဟု လူတိအား ဆို၏။


ထို့နောက် သူရို့သည် အိမ်သို့ပြန်၍ အလောင်းတော်အတွက် ဆီမွှီးနန့် အမွှီးနံ့သာကို အသင့်ပျင်ထား၏။ သူရို့သည် ပညတ်တော်ဟိသည့်အတိုင်း ဥပုသ်နိ့၌ အနားယူကြ၏။


ဖာရိယှဲတချို့က “ဥပုသ်နိ့၌ မလုပ်အပ်သောအရာကို သင်ရို့ ဇာကြောင့် လုပ်ကြသနည်း” ဟု မိန်းကြ၏။


ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊


ထိုသူကလည်း “အကျွန့်ကို ကျန်းမာစီသော သူသည် ဖျာကို ကောက်၍ လှမ်းလားစီခြင်းငှာ အကျွန့်အား မိန့်တော်မူခပါ၏” ဟု ပြောလေ၏။


ထိုအခါ ကျန်းမာလာသောသူသည် ထွက်လား၍ ယုဒအာဏာပိုင်ရို့ကို မိမိအား ကျန်းမာစီသောသူသည် ယေသျှုဖြစ်ကြောင်းကို ပြောကြားလေ၏။


ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ယေသျှုအား ညှည်းပန်းခြင်းငှာ စတင်လေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နိ့၌ ကျန်းမာခြင်းအမှုအား ပြုသောကြောင့်ဖြစ်၏။


မောသျှေ၏ပညတ်အား မချိုးဖောက်စီခြင်းငှာ သင်ရို့သည် ဥပုသ်နိ့တွင် ယောက်ျားသျှေတစ်ယောက်အား အရီဖျားလှီးခြင်းကို ပြုကြလျှင် ငါသည် လူတစ်ဦးအား ကျန်းမာစီသောအခါ သင်ရို့သည် ငါ့ကို ဇာကြောင့် အမျက်ထွက်ကြသနည်း။


တချို့သော ဖာရိယှဲရို့က “ထိုသူသည် ဥပုသ်နိ့ကို မစောင့်သည့်အတွက် ဘုရားသခင်ထံပါးမှ လာသောသူ မဟုတ်” ဟု ပြောဆိုကြ၏။ တချို့က “ဒုစရိုက်ကိုပြုသောသူသည် ဤသို့သော နိမိတ်လက္ခဏာများကို ဇာကြောင့် လုပ်နိုင်ပါသနည်း” ဟု ဆိုကြ၏။ ထိုသို့ သူရို့သည် အချင်းချင်း စိတ်ဝမ်းကွဲပြားလျက် ဟိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ